Part : 12

1.1K 112 2
                                    

ကိုကို ... ခင်ဗျားသာ ချစ်တယ်ဆို ဗုဒ္ဓကိုလည်း ကျွန်တော် ချစ်ပေးနိုင်ပါတယ်။

"ပပ ကူပေးပါအုံး"

ပုဆိုးစွန်တောင်ဆွဲလို့ ပပ အနား ဒုက္ခရောက်နေသည့် အန်ဒရီ။

"သား ကိုကို့ကို ခေါ်လိုက်လေ .."

"မဟုတ် .. "

"သားနွေရေ အန်ဒရီလေးကို ပုဆိုးလာဝတ်ပေးလိုက်ပါအုံး"

"ပပ .. နိုးးး"

အန်ဒရီက မျက်နှာတွေရဲတက်လာတော့သည်။ သူ လွမ်းနွေကို မေးရမှာ ရှက်တာကြောင့် ပပ ဆီရောက်လာသော်လည်း နောက်ဆုံးမှာတော့ ဒီဘူတာပဲ သွားစိုက်တော့သည်။

အခန်းထဲက ထွက်လာသည့်လွမ်းနွေက ရယ်ချင်စိတ်ကိုထိန်းထားပါသော မျက်နှာလေးနှင့်။ အန်ဒရီကတော့ သူ့ကိုကျောပေးထားလေ၏။

"လာ .. အခန်းထဲ ဘယ်နှယ့် မေမေ့ကို သွားမေးနေရတာလဲ ငါလုပ်ပေးမှာပေါ့"

ခေါင်းငိုက်စိုက်လို့ သူ့အနောက်လိုက်လာသည့် အန်ဒရီကြောင့် အသံမထွက်ဘဲ တိုးတိုးတိတ်တိတ် ခိုးရယ်လိုက်သည်။

လွမ်းနွေက ဗီရိုဆီလျှောက်သွားပြီး ခါးပတ်တစ်ခုကိုထုတ်လိုက်၏။ အန်ဒရီ့ကို ပုဆိုးဝတ်ပေးဖို့ဆိုလျှင် ခါးပတ်နှင့်သာ အဆင်ပြေလိမ့်မည်။

သူတို့နှစ်ယောက်၏ အခုပုံစံမှာ တော်တော်တော့ ကိုးလိုးကန့်လန့်နိုင်နေသည်။ အန်ဒရီကတော့ တစ်ဖက်သို့သာ မျက်နှာလွှဲထားလေတော့၏။ လွမ်းနေ မြင်နေရသည့် ဘက်အခြမ်းမှ နားရွက်ကလေးမှာတော့ နီရဲနေရှာသည်။

လွမ်းနွေမှာ အန်ဒရီ့ကိုကြည့်ရင်းနှင့်ပင် သူရှက်ရမည့် ကိစ္စအားသတိပင်မရနိုင်တော့ပေ။ လွမ်းနွေသာ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျခဲ့လို့ သားလေးတစ်ယောက်ရလျှင် ဒီလိုမျိုးဘဝကို ဖြတ်သန်းရမှာပဲ ဆိုသည့် စိတ်ကို နှလုံးသွင်းလိုက်တော့လည်း အရာရာဟာ အဆင်ပြေချော့မွေစွာနဲ့ ပြီးသွားတော့တာပါပဲ ..

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now