Part : 2

2K 188 6
                                    

ငါ့စာအုပ်ကြားမှာ ဖွက်ထားတဲ့ ဆယ့်ငါးနှစ်အရွယ် ကလေးလေးတစ်ယောက် ..

"ငါ့နာမည်က အန်ဒရီရာ မာရစ်စတယ်လီယို၊ မြစိန်ရဲ့ တစ်ဦးတည်းသော မြေး"

တိုတိုတုတ်တုတ်မိတ်ဆက်စကားအပြီးမှာ လွမ်းနွေ၏မိခင်ဖြစ်သူ ဒေါ်ပပသင်းရဲ့ အသံကြည်လေးတွေက ထွက်ပေါ်လာသည်။

"အစ်မမြစိန်ရဲ့ မြေးကလေးလား .. ကြည့်ပါအုံး ထွားလိုက်တာ ဘယ်နှနှစ်ရှိအုံးမှာလဲ အလွန်ဆုံးမှ ဆယ်ကျော်သက်ကလေးပေါ့ကွယ် သားနွေ အန်တီမြစိန်ကို မှတ်မိသေးလား "

ဧည့်ခန်းမှာဝိုင်းဖွဲ့ထိုင်ရင်း ဒေါ်ပပသင်းက စကားတွေကို ရှယ်လွှတ်နေသည်။ နားမလည်ပါးမလည် လူတစ်ယောက်ကတော့ မျက်လုံးတွေမှာအကြောင်သား။

အန်တီမြစိန်ကို သူမှတ်မိပါသည်။ လွမ်းနွေ ငယ်စဉ်က ဘေးအိမ်မှာနေသွားခဲ့သည့် အန်တီလှလှလေးဖြစ်၏။ လွမ်းနွေတို့ ရပ်ကွက်တကာမှာ အန်တီမြစိန်လောက် လှသော အမျိုးသမီးဆိုတာ အခုထိတိုင် မရှိလာနိုင်သေး။ လူမျိုးမတူ တိုင်းတစ်ပါးသားနှင့် လက်ထပ်ထားပြီး သမီးဖြစ်သူနှင့် ဘေးအိမ်မှာ ခဏတာအနားယူသည့်သဘော နေသွားခဲ့သော်လည်း လွမ်းနွေတို့ ရပ်ကွက်ထဲမှာတော့ ဘယ်အချိန်ပြန်မေးမေး မေ့မရသော မိသားစုကလေး၊ အမှတ်ရစရာတွေအဖြစ် တည်ရှိနေလေသည်။

အန်တီမြစိန်၏ သမီးမှာ အနည်းငယ်မြန်မာဆန်သောရုပ်ကလေးဖြစ်သော်လည်း ယခု မြေးဆိုသူမှာတော့ မြန်မာနှင့်အလှမ်းဝေးသွားသလားမသိ၊ လုံးဝကို တိုင်းတစ်ပါးသားပုံစံပေါက်သည့် အပြင် မြန်မာစာလည်းတတ်ပုံမရ။

"ဆိုတော့ .. မင်းက ဒီကို ဘာအတွက်လာတာလဲ"

လွမ်းနွေ၏ အင်္ဂလိပ်အသံထွက်ကိုကြားလိုက်ရသောအခါ ထိုကောင်လေးရဲ့ မျက်လုံးတွေက ဝင်းလက်လာခဲ့လေသည်။ ထိုကောင်လေးက လွမ်းနွေက မျက်ဝန်းစိုစိုတွေနှင့် ငေးစိုက်ကြည့်ရင်း ပြုံးပြလျက်။

ဘာဆေးတွေများစားလို့ ဒီလောက်အထိ ထွားနေရတာများလဲ။

"ငါ့အဘွားနေခဲ့တဲ့ နေရာကို ရောက်ဖူးချင်လို့လေ၊ ပြီးတော့ အဘွားက ဒီမြန်မာနိုင်ငံမှာ ငါ့ရဲ့ အိမ်ရှိတယ်လို့လည်းပြောခဲ့တယ်"

လွမ်းရခက်တဲ့ နွေရက်ကလေးရေ ...Where stories live. Discover now