Chapter(4)💛

342 18 0
                                    

သက်တန့်ရဲ့ကျန်းမာရေး စိတ်ချရချိန်အထိ သက်တန့်ရဲ့အိမ်တွင် နန်းဆက်အတူတူရှိပေးခဲ့သည်။

"မင်း နေကောင်းနေပြီဆိုတော့ ကိုယ်ပြန်တော့မယ်။ကိုယ်ကူညီပေးမယ်လို့ပြောထားတဲ့ကိစ္စကိုသေချာစဉ်းစားပါ ကလေးမ....."

"သက်တန့် စဉ်းစားပြီးရင် နန်းဆက်ကိုပြောပါ့မယ်"

သက်တန့်ရဲ့လက်ထဲသို့ ကတ်လေးတစ်ကတ်ကို နန်းဆက်ထည့်ပေးလိုက်သည်။

"ဒါက ကိုယ့်ရဲ့ဖုန်းနံပါတ်။စဉ်းစားပြီးရင်ပြောပါ"

“ရှင့်ဆီကိုဖုန်းဆက်လိုက်ပါ့မယ်"

"အိုကေ....ဒါဆိုကိုယ်သွားတော့မယ်"

နန်းဆက်ပြန်‌သွားသောအခါ သက်တန့်တစ်ယောက်ထဲ အကြိမ်ကြိမ်အခါခါ စဉ်းစားနေမိသည်။နန်းဆက်ပေးမည့်အကူအညီကို ယူလိုက်ရမလား၊ဒါမှမဟုတ် ငြင်းပယ်လိုက်ရမလား......။အခြေအနေနှစ်ခုကြားတွင် သက်တန့်တွေဝေနေခဲ့သည်။ဘာကို ဆုံးဖြတ်ရမလဲ မသေချာခဲ့ပါ။

သက်တန့်က နန်းဆက်ထည်ဝါ၏ခပ်ကြောကြောအပြုအမူများကိုမုန်းသည်။ထိုအပြုအမူအားလုံးကိုသည်းခံပြီး နန်းဆက်နှင့်အမြဲတမ်းပတ်သက်နိုင်ပါမလား။ထိုသို့စဥ်းစားမိ‌သောအခါသက်တန့်က သူမကို ငြင်းဆန်လိုက်ဖို့ ကြိုးစားလိုက်သည်။သို့သော် သက်တန့်၏အိမ်မက်များက နန်းဆက်၏အကူအညီကို လက်ခံလိုက်ဖို့တောင်းဆိုနေကြပြန်သည်။

သက်တန့်အတွက် မလွယ်ကူသော အခြေအနေတစ်ချို့ကို ဆုံးဖြတ်ချက်ချဖို့ တစ်ယောက်ယောက်ကူညီကြပါ....ဟု မြည်တမ်းရင်း......။

**************************

တစ်ရက်ပြီးတစ်ရက် အချိန်‌တို့ ကုန်ဆုံးသွားခဲ့ကြသည်။ယခုအချိန်အထိ သက်တန့်မှာ ဆုံးဖြတ်ချက်မချနိုင်သေးပဲရှိသည်။

ဤသို့ဖြင့်သက်တန့်သည် နန်းဆက်ထည်ဝါ၏လွှမ်းမိုးမှုများဆီမှထွက်ပြေးဖို့ကြိုးစားနေမိသူဖြစ်မှန်းမသိဖြစ်နေခဲ့၏။ထိုသို့ထွက်ပြေးဖို့ကြိုးစားသော်လည်း သက်တန့်၏အတွေးထဲတွင် နန်းဆက်ထည်ဝါ၏အကြောင်းများက ‌ပြည့်နှက်နေခဲ့သည်။

Rainbow Tower💛Where stories live. Discover now