သက်တန့် အိပ်ရာနိုးလာသောအခါ ညနေသို့ရောက်နေပြီဖြစ်သည်။ဒါဆို ဒီနေ့တစ်နေ့လုံး သက်တန့် အိပ်ပျော်သွားခဲ့တာပေါ့။ထိုခဏတွင် သက်တန့်ရဲ့အတွေးထဲသို့ အရင်ဆုံးရောက်လာတာက နန်းဆက်အကြောင်းဖြစ်သည်။
နန်းဆက်၏ဒဏ်ရာသက်သာရဲ့လားဟု တွေးမိရင်း သူမကိုရှာဖွေမိသည်။နန်းဆက် ရှိနေတတ်သောနေရာအနှံ့တွင် ရှာဖွေမိသော်လည်း သူမကိုမတွေ့ရပါ။နောက်ဆုံးရှာစရာနေရာက စာကြည့်ခန်းတစ်ခုသာကျန်တော့၏။ထို့ကြောင့် သက်တန့်က စာကြည့်ခန်းရှိရာသို့ထွက်လာခဲ့သည်။
စာကြည့်ခန်းထဲတွင်စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာဖတ်နေခဲ့သော နန်းဆက်ကိုတွေ့လိုက်ရသဖြင့် သက်တန့် အနည်းငယ် စိတ်သက်သာရာရသွားသည်။ဒီပုံစံအရဆိုရင် နန်းဆက်၏အခြေအနေအရမ်းမဆိုးတော့တာသေချာနေသည်။
"နန်းဆက်....."
သက်တန့်ရဲ့ခေါ်သံကြောင့် နန်းဆက်က လှမ်းကြည့်ရင်းစကားဆိုသည်။
"နိုးလာပြီပဲ။ဝင်လာခဲ့လေ"
သက်တန့်ကိုလှမ်းခေါ်လိုက်သဖြင့် စာကြည့်ခန်းထဲသို့လှမ်းဝင်သွားလိုက်သည်။နန်းဆက်က သူထိုင်နေသောခုံမှထ၍ပြတင်းပေါက်အနီးသို့လျှောက်လှမ်းသွားခဲ့သည်။ထိုပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ငေးမောရင်း နန်းဆက်ကသက်တန့်ကို ဤသို့ပြောလာခဲ့သည်။
"အခုမင်းထွက်သွားတော့မယ်ဆိုပါတော့။ဒါဆိုရင် ကိုယ်တို့စာရင်းရှင်း......."
နန်းဆက်၏စကားမဆုံးခင် သက်တန့်က စကားဖြတ်ပြောလိုက်သည်။
"ရှင့်အနားက ထွက်မသွားတော့ဘူး နန်းဆက်"
ရုတ်တရက်ပြောလိုက်သောသက်တန့်၏စကားကြောင့် နန်းဆက်က အံ့အားသင့်သောမျက်ဝန်းများဖြင့် သက်တန့်ကိုကြည့်လာခဲ့သည်။သို့သော် သူမ၏အံအားသင့်ခြင်းက ခဏတာသာဖြစ်သည်။သူမ၏နှုတ်ခမ်းပေါ်တွင်ရှိနေကျဖြစ်သောမထိတထိအပြုံးသဲ့သဲ့က ချက်ချင်းဖြစ်တည်လာခဲ့ရင်း ဤသို့ပြောလာခဲ့ပါသည်။
"ဘာ့ကြောင့်လဲ ကလေးမ။ကိုယ်ပြန်တောင်းမယ့်လျော်ကြေးကြောင့်လား။အဲ့ဒါက ပမာဏများတော့ မင်းအတွက် အဆင်မပြေဘူးထင်တယ်နော်"

YOU ARE READING
သက်တန့်မျှော်စင်💛
Fantasiနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...