"မင်းကခေါင်းသိပ်မာတာပဲနန်းဆက်။ငါ့ကိုစိတ်ရှုပ်အောင်မလုပ်စမ်းပါနဲ့"
"ပါးစပ်ပိတ်ထားစမ်းပါဇိန်း။မင်းဘာလဲဆိုတာ ငါတို့နှစ်ယောက်လုံးသိနေတာပဲ။မင်းကို ငါဘာလုပ်ပစ်နိုင်သလဲဆိုတာတွေးထားစမ်းပါ"
"အခုလောလောဆယ်တော့ငါမြင်နေရတာက မင်းငါ့ကိုဘာမှမလုပ်နိုင်ဘူးဆိုတာပဲ နန်းဆက်။မင်းရဲ့ကျန်းမာရေးက သိပ်မကောင်းဘူးမို့လား။ငါရဲ့စွမ်းအားကို မင်းမယှဉ်နိုင်ပါဘူး"
"မထင်ပါနဲ့။မင်းကိုငါရဲ့လက်နဲ့ဖျက်ဆီးပစ်မှာ"
"မင်းရဲ့လဲလှယ်ထားတဲ့ကျောက်ကပ်ကိုဂရုစိုက်သင့်တယ်နော်။နောက်တစ်ခေါက်ဆိုရင်အသက်အန္တရာယ်ရှိနိုင်တယ်။မင်းက လူသားစစ်စစ်တစ်ယောက်လေ။ငါတို့လိုမှမဟုတ်ပဲ။သေသွားနိုင်တယ်နော် နန်းဆက်ထည်ဝါ”
"မင်းသိထားဖို့က ငါဘာကိုမှဂရုမစိုက်တတ်ဘူးဆိုတာပဲ"
"ထားပါတော့။မင်းရဲ့ဆန္ဒက ဘယ်လိုပဲဖြစ်နေပါစေ။အခုလောလောဆယ် ငါ့ကိုတစ်ခုလောက်ကူညီစမ်းပါ"
ဇိန်းကနန်းဆက်အနီးသို့ကပ်လာခဲ့သည်။ထိုနောက် နန်းဆက်ခံစားမိလိုက်သောအရာသည် မိမိရဲ့ဝမ်းဗိုက်ကိုလာ၍ထိသောအေးစက်စက်အထိအတွေ့ဖြစ်သည်။ထိုအေးစက်သောအထိအတွေ့က ဇိန်းလက်ထဲရှိဓါးတစ်ချောင်းဖြစ်နေခဲ့သောအခါ.......။
ဇိန်းကနန်းဆက်ကို မထီမဲ့မြင်ကြည့်ရင်း ဓါးနှင့်ထိုးစိုက်လိုက်သည်။မထင်မှတ်ထားသောအခြေအနေကြောင့်တားဆီးနိုင်ခြင်းမရှိပဲ နန်းဆက်ခံစားလိုက်ရသည်။ထို့နောက် ဆက်လက်၍စဉ်းစားမိတာက ဇိန်းထံတွင်မိမိကိုအန္တရာယ်ပြုနိုင်လောက်သောအစွမ်းများဘယ်အချိန်က ရရှိသွားခဲ့ပါသလဲဟု.....။ဇိန်းကကျေနပ်စွာပြုံးလိုက်ရင်း ဤသို့ပြောသည်။
"မင်းရဲ့အခြေအနေအကြောင်း သက်တန့်ကို ဖုန်းခေါ်ပြီးပြောပြလိုက်စမ်းပါ။သက်တန့်ဒီနေရာကိုရောက်လာတာငါလိုချင်တယ်"
"သက်တန့်ကိုငါဘာမှပြောမှာမဟုတ်ဘူးဇိန်း"
"မင်းပြောရလိမ့်မယ်။အခုချက်ချင်း သက်တန့်ကိုဖုန်းခေါ်လိုက် နန်းဆက်"
YOU ARE READING
Rainbow Tower💛
Fantastikနန်းဆက်ထည်ဝါက သက်တန့်မျှော်စင်ကိုသိပ်ချစ်တာ.....။ နန်းဆက်က စုန်းလိုက်မုဆိုးတစ်ယောက်ဖြစ်နေခဲ့ပြီး ချစ်ရသူ သက်တန့်မျှော်စင်က စုန်းမတစ်ယောက်ဖြစ်နေခဲ့သောအခါ......။ စုန်းလိုက်မုဆိုးရဲ့လက်ချက်နဲ့သက်တန့်မျှော်စင်က သေဆုံးသွားမလား.....ဒါမှမဟုတ်......စုန်းလို...