ကျစ်~~~အိပ်ခါနီးတိုင်း ရတတ်တဲ့ ရနံ့သင်းသင်းလေးကြောင့် XiaoZhan စုတ်သပ်လိုက်မိသည်။
မအိပ်သေးဘူးလားကိုကို
အသံနဲ့အတူ နဖူး ပေါ်ကျလာတဲ့ အနမ်းနွေးနွေးလေးကို သူ မငြင်းပယ်မိပါ။ ထိုကောင်လေးရောက်လာတိုင်း အရမ်းအိပ်ချင်သလိုမျိုးဖြစ်ပြီး မျက်လုံးတွေဝေဝါးကာအရာရာသဲသဲကွဲကွဲမမြင်ရတတ်။
မင်းရောက်လာပြန်ပြီလား
hk~~ကိုကို့အနားမှာကျွန်တော်ရှိတာမကြိုက်လို့လား ဒါပေမဲ့ဘယ်လိုလုပ်မလဲ ကျွန်တော်ဆိုတဲ့ကောင်ကလည်းကိုကို့အနားဘဲနေချင်နေမိတာ
မင်းကဘယ်သူလဲ ငါအိပ်ချိန်မှရောက်ရောက်လာရတာကရောဘာသဘောလဲ နောက်ပြီး ဘာလို့ငါကမင်းကိုသေချာမမြင်ရတာလဲ
XiaoZhanအမေးကို ထိုကောင်လေးကအပြုံးတစ်ပွင့်ဖြင့်တုန့်ပြန်ရင်း
အချိန်တန်ရင်သိရမှာပေါ့ကိုကိုရာ ကဲ အခုတော့အိပ်တော့နော်မနက်ကျအတန်းတက်ရမယ်လေ
အမိန့်ပေးသံမျိုးမဟုတ်ပေမဲ့ ထိုကောင်လေးရဲ့စကားအဆုံးမှာတော့ XiaoZhanတစ်ယောက်အိပ်စက်ခြင်းဆီသို့.........
.
.
.
.
(At School)
***************XiaoZhan!!!!
ဆရာမရဲ့အာခေါင်ခြစ်ခေါ်သံကြောင့် XiaoZhanရဲ့ အတွေးလေးများကဘယ်ဆီဘယ်ဝယ်ပျောက်မှန်းမသိပျောက်ကုန်၏။
ကဲ.... ဆိုစမ်းပါအုံးကျွန်တော်မျိုးမရှင်းပြနေတာထက်ဘယ်အရာကများစိတ်ဝင်စားစရာကောင်းနေလိူ့လဲ
ဟို....ဟို...ဟိုဟာ
ဆရာမရဲ့ရွဲ့တဲ့တဲ့အမေးကြောင့် XiaoZhanတစ်ယောက်ဘာပြန်ဖြေရမှန်းမသိ။
ဘာမှ ဟို မနေနဲ့ ငါ့အတန်းချိန်မပြီးမချင်းမထိုင်ရဘူး ထိုင်ရဲထိုင်ကြည့်နော် ဟင်း!!
သက်ပြင်းချသံနဲ့အတူ လက်ထဲကကြိမ်လုံးလေးပါဝေ့ရမ်းပြသောဆရာမကြောင့် XiaoZhanသွားဖြီးပြ၍
ဟုတ်ကဲ့ မထိုင်ပါဘူးဆရာမ
ခွီးထဲမှဘဲ အဲ့တာဟိုတစ်ကောင်ကြောင့် ဒင်းကအိပ်ခါနီးဆိုအနံ့ကြီးပေးပေးပြီးရောက်ရောက်လာ မနက်ကျတော့အစအနရှာမရနဲ့ မနေ့ကလည်းတစ်ညလုံး ကိုယ့်နဖူးကိုလာလာနမ်းပြီးဘေးနားရှိနေမှန်းသိပေမဲ့မနက်ကျတော့မတွေ့ တကယ်ထဲသရဲလားလူလားမသိတော့ကိုယ့်မှာအတွေးများပြီး ဆရာမအသံလည်းမကြားမိတော့ဘူး အခုတော့ဒင်းကြောင့်
ပြစ်ပေးခံရပြီ ဟွန့်....
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomantikIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...