မဟုတ်ဘူး...မဖြစ်သင့်ဘူး
အမှန်တကယ်ကိုရှိမနေခဲ့တာပါ သူကျောင်းသားရေးရာဌာနမှာဒီကျောင်းသားစာရင်းစာအုပ်ကိုလာကြည့်တာအခေါက်ခေါက်အခါခါရှိနေပြီဖြစ်သည်။
ထိုစာအုပ်ထဲ Wang Yiboဆိုသောနာမည်နဲ့ဓာတ်ပုံလေးဟာလုံးဝကိုရှိမနေခဲ့တာပင်။
သူနောက်ဆုံးသိသည်ကသူတို့ကိုလေ့လာခရီးထွက်ဖို့ကျောင်းကခေါ်သွားသည်။ထိုနေ့ညကသူနဲ့Jackဆရာမ မသိအောင်အရက်ခိုးသောက်ခဲ့ကြတယ် အဲ့နေ့ပြီးလို့နောက်နေ့သူနိုးတော့သူကဆေးရုံတစ်ခုရဲ့ကုတင်ပေါ်မှာ အားလုံးပြောကြသည်ကသူမူးမူးနဲ့ရေဆင်းကူးလို့ရေနစ်တာတဲ့လေပိုဆိုးသည်က Wang Yiboကိုသူကလွဲရင်ဘယ်သူမှမသိကြတာပင်။
(ဆေးရုံဆင်းသည့်နေ့)
***************************မင်းဦးနှောက်ထဲရေဝင်သွားတာလား ဘယ်က Wang Yiboလဲ မင်းပြောတဲ့နာမည်နဲ့ကငါတို့အတန်းထဲမှာရောကျောင်းမှာပါတစ်ယောက်မှမရှိတာ
Jackရဲ့အပြောကြောင့်XiaoZhanတစ်ယောက်ပြောစရာစကားမျာပင်ပျောက်ရှသွားရတော့သည်။
Wang Yiboကိုသူဆေးရုံဆင်းသည့်နေ့ထဲကမတွေ့လို့မေးလိုက်မိကာမှပြန်ဖြေသောJackရဲ့စကားကြောင့်XiaoZhanတကယ်ပင်စိတ်ရှုပ်သွားရသည်။
မင်းနဲ့အမြဲရန်ဖြစ်တဲ့တစ်ယောက်လေ
ငါနဲ့အမြဲရန်ဖြစ်တာဆိုလို့ဒီလောကတစ်ခွင်မှာXiaoZhanဆိုတဲ့မင်းဘဲရှိတာ
မဟုတ်ဘူးလေကွာဟိုသူကျောင်းစတတ်တဲ့နေ့ကတောင်မင်းကိုအနောက်တန်းဆင်းထိုင်ခိုင်းသေးတယ်လေ
ကျစ်......မင်းနေတော့တကယ်ကောင်းသွားပါပြီနော်XiaoZhan ငါဘယ်အနောက်တန်းမှဆင်းမထိုင်ဘူးသလို ဘယ်ကျောင်းသားသစ်မှလည်းငါတို့အတန်းထဲမလာဘူးမင်းမယုံရင်ကျောင်းသားရေးရာဌာနမှာကျောင်းသားစာရင်းသွားထုတ်ကြည့်ကြည့်လိုက်ဟုတ်ပြီလား
ထိုနေ့မှစ၍သူကျောင်းသားရေးရာဌာနမှာထိုကျောင်းသားစာရင်းကိုထုတ်ကြည့်မိတာအခုနဲ့ဆိုအခါတစ်ရာမကတော့ပေ။
ငါ...ငါအိမ်ပြန်တော့မယ်Jackဒီနေ့လည်းအတန်မတက်ချင်တော့လို့
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...