(Part- 15)

162 12 1
                                    

ရဲစခန်း၌ရှင်းစရာရှိသည်များရှင်းပြီးတော့အတော်ပင်နောက်ကျနေလေပြီဖြစ်သည်။ တစ်ဖက်မှကောင်လေးအုပ်စုကရန်စသည်ကိုBarရှိCCTVမှတွေ့သဖြင့်XiaoZhanသက်သာသွားသည်။သိုပေမဲ့လက်ပါသူကသူအရင်ဖြစ်နေ၍ ခံဝန်နဲ့တစ်ဖက်အုပ်စုကိုလျော်ကြေးအနည်းငယ်တော့ပေးလိုက်ရသည်။

ကျစ်...အဲ့လိုမှန်းသိရင်ကားယူလာခဲ့ပါတယ်။

အရမ်းမှောင်နေပြီဖြစ်သည့်အတွက် Taxiငှားဖို့အတော်ရှာရမည်။ လမ်းလျှောက်သွားရအောင်ကလည်းဒီခရီးနဲ့ဒီခရီး​ေသရချည်ရဲ့။

ဟူး........

သက်ပြင်းချရင်း မတတ်နိုင်သည့်အဆုံး XiaoZhanခြေလှမ်းတစ်လှမ်းစလှမ်းလိုက်သည်။

အင်း.... သွားရင်းနဲ့ကားတွေ့မှငှားရမှာဘဲ။

တီ..တီ......တီ..

တစ်တီတီမြည်နေသောကားကိုကျော်စေဖို့ရာဘေးကပ်ပေးလိုက်ပေမဲ့ထိုကားအနက်ရောင်လေးကသူ့အနားရပ်သွားကာ

ကားပေါ်တက်....

ဟင်...ဘာကြီး..

မကြားလိုက်လို့မဟုတ်ပါဘဲ ထိုအချေကောင်ဆီမှထိုသို့စကားမျိုးကြားလိုက်ရ၍ပြန်မေးခြင်းဖြစ်သည်။

ကျစ်...ကားပေါ်တက်လို့

မျက်ခုံးတန်းတွေကိုတွန့်ချိုးပြီးသက်ပြင်းချပြောလိုက်ပုံကစိတ်မရှည်မှုတွေအထင်းသားနှင့်။

ဒါတောင် XiaoZhanတွေးမိသည်ကဒီလူတော်တော်ဆွဲဆောင်မှုရှိသည်ဟုပင်။

မတက်လည်းနေ.......

အယ်..တက်..တက်မှာပေါ့ တကယ်ထဲစိတ်ကလက်တစ်ဆစ်ရယ်

XiaoZhanပွစိပွစိပြောရင်း ကားပေါ်သို့တက်ထိုင်လိုက်သည်။

.
.
.
.
ယောကျာ်းလေးတစ်ယောက်ရဲ့ကားမောင်းနေပုံကဆွဲဆောင်မှုအရှိဆုံးလို့တော့သူကြားဖူးသည်။ တကယ်လည်းဟုတ်မည်ထင်ပါသည် Wang Yiboရဲ့ကားမောင်းနေပုံကိုဘေးကကြည့်ရင်းသူမျက်တောင်ခတ်ဖို့တောင်မေ့မေ့နေမိသည်။

အင်း ငါပြီးရင်တော့ Wang Yiboကဒီကမ္ဘာမှာအချောဆုံးဘဲ။

အဟက်...တစ်ယောက်ထဲလည်းရီလိုက်ငိုလိုက်နဲ့ခင်ဗျားဦးနှောက်ကောင်းပါတယ်နော်။

လူထူးဆန်းလေး ကျွန်တော့်ချစ်သူWhere stories live. Discover now