(Part-10)

237 12 2
                                    

(1 year later)
****************
အရာအားလုံးဟာသူ့ဘာသာအရင်အတိုင်း​ေနသားတကျဘဲရှိနေခဲ့တာပါ Jackနဲ့ သူနဲ့လည်းဟိုအရင်လိုဘဲရန်ဖြစ်လိုက်ပြန်တည့်လိုက်နဲ့ တပူးတွဲတွဲရှိနေတုန်း

ကျောင်းတွေပိတ်လို့သူလည်းအခုဆိုအသက်တစ်နှစ်ပိုကြီးလို့နောက်အတန်းသစ်တောင်တက်နေရပြီ
အကုန်လုံးနေသားတကျရှိနေပေမဲ့ ၁နှစ်ဆိုတဲ့ထိုအချိန်လေးမှာလုံးဝမပြောင်းလဲသွားခဲ့သည်ကတော့ သူ့နှလုံးသားလေးကတစ်စုံတစ်ယောက်ကို တစိုက်မတ်မတ်ရှာဖွေမိနေခြင်းပင်ဖြစ်သည်။

အရင်လိုတော့ Wang Yiboဆိုသောလူသားတစ်ယောက်ရှိခဲ့ဖူးပါသည်ဟုလူတကာကိုသူလိုက်မပြောမိတော့ ထိုလူသားကို သူ့မှတ်ဉာဏ်နဲ့နှလုံးသားကအမှတ်ရနေရင်ဘဲတခြားသူတွေမမှတ်မိရင်တောင်အဆင်ပြေနေပြီမဟုတ်လား

ဒါပေမဲ့ သူလိုက်မရှာခဲ့ဘူးလို့ပြောရင်လိမ်ရာကျမှာပါ့ ၁နှစ်အတွင်း Wang Yiboဆိုသောနာမည်နဲ့လူပေါင်းများစွာကိုသူလိုက်ရှာမိခဲ့သည်။သို့ ပေမဲ့ပျောက်သောသူရှာရင်တွေ့ဆိုသည့်စကားကသူ့အတွက်တော့ဟာသတစ်ခုလိုပင်။

ဟျောင့်.....ဘာတွေစဥ်းစားရင်းငိုင်နေတာလဲ

Jackရဲ့အသံကြားမှ XiaoZhan အတွေးများကိုဖြတ်ရင်း

အင်း...ဒီတ်ိုင်းဘဲ ဟိုတွေးဒီတွေးပေါ့ ဒါနဲ့ အခုမင်းကောင်လေးကမရောက်သေးဘူးလား

XiaoZhanနဲ့ Jackတို့၂ယောက် Hotpotဆိုင်တစ်ခုကိုရောက်နေကြခြင်းဖြစ်သည်။

အကြောင်းကတော့ ရှင်းပါသည် Jackတစ်ယောက်သူ့မူပိုင်လေးကိုကြွားချင်၍ခေါ်လာခြင်းဖြစ်သည်။

အစကတော့  Jackချစ်သူဟာကောင်လေးတစ်ယောက်ပါလို့သိသိချင်းသူ အံ့သြမိပါသေးသည်။နောက်တော့မှသူပြန်စဥ်းစားမိသည်ကသူလည်းထိုသို့သောယောကျာ်းတစ်ယောက်ကိုနှစ်နဲ့ချီပြီးလွမ်းနေမိခြင်းမဟုတ်လား တကယ်ဆိုကိုယ်ကတောင်ပိုပြီးအံ့သြစရာကောင်းနေပါအုံးမည်။

အင်း.....ရောက်တော့မယ်လို့တော့ပြောတယ်ကွ ခနလေး ငါဖုန်းဆက်ကြည့်လိုက်အုံးမယ်......

ဖုန်းဆက်ပြီးသိပ်မကြာပါ သပ်သပ်ရပ်ရပ်နဲ့ခပ်ချောချောကောင်လေးတစ်ယောက်ဆိုင်ထဲဝင်လာပြီးသူတို့စားပွဲသို့လျှောက်လာလေသည်။

လူထူးဆန်းလေး ကျွန်တော့်ချစ်သူWhere stories live. Discover now