မှိန်ပျပျမီးရောင်လေးသာထွန်းထားသောအခန်းလေးထဲ၌ မိသားစု၂စုတွဲရိုက်ထားသောဓာတ်ပုံလေးတစ်ခုကိုအသေအချာစိုက်ကြည့်နေမိသည်မှာ အချိန်နာရီအားဖြင့်အဘယ်မျှကြာနေပြီလည်းပင်သူမသိတော့။
ဓာတ်ပုံထဲမှ မိသားစု၂စုဟာ ဟန်လုပ်ပြုံးထားတဲ့အပြုံးတုများနဲ့ ဆင်ယင်ထားပေမဲ့ ထိုမိသားစုများ၏ထောင့်တစ်ဖက်ဆီတွင်ရပ်နေသော ကောင်ချောလေး၂ယောက်မှာတော့တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးမှုအပြည့်ဖြင့်ကြည့်နေသောမျက်ဝန်းလေးများကထင်ဟပ်နေလေသည်။
အချိန်အားဖြင့်နှစ်ပေါင်း၈၀ခန့်ကြာခဲ့ပေမဲ့ သူ့အားအတန်တန်မှာခဲ့သော Wangလူကြီးမင်း၏စကားကြောင့်သူထိုဓာတ်ပုံလေးကို ပလပ်စတစ် ခနခနလဲ၍ကပ်ကာအမြတ်တနိုးသိမ်းထားခဲ့လေသည်။
အကယ်၍သာ Brightတွေ့ခဲ့သည့်သူဟာ Zhanသူဌေးလေးဖြစ်ခဲ့မည်ဆိုလျှင် သေချာပေါက် Wang လူကြီးမင်းဟာ သူ့အားအိပ်မက်ပေးတာမျိုးလောက်တော့လုပ်ကောင်းပါသည် အခုတော့ ထိုသို့မဟုတ်ဘဲ ငြိမ်ချက်သားကောင်းလွန်းနေသည်ကိုသူဘဝင်သိပ်မကျပါ။
Zhanသူဌေးလေးအတွက် မလုပ်သင့်မှန်းသိရက်နဲ့ တားနေသည်ကိုဂရုမစိုက်ဘဲဇွတ်လုပ်ခဲ့သော Wangလူကြီးမင်းဟာ သူဌေးလေးအပေါ်ဘယ်လောက်ချစ်မြတ်နိုးကြောင်းသူသိခဲ့ရသည်မဟုတ်လား၊ ဒါဆိုသူဌေးလေးကရောမချစ်ခဲ့ဖူးလားလို့မေးရင်သူအော်ရီပစ်လိုက်မိမည်ထင်သည်။ အရာအားလုံးနဲ့တင်မကဘဲအသက်နဲ့ပါလဲပေးခဲ့ရလောက်အောင်ချစ်တတ်လွန်းသူကြီးကသူဌေးလေးအပြင်ဘယ်သူရှိအုံးမည်နည်း။
သံသရာတစ်ကွေ့မှာ ကျွန်တော်သူ့ကိုပြန်ပေးဆပ်ချင်တယ်ဟူသော Wangလူကြီးမင်း၏ စကားသံလေးနဲ့အတူ Lupa ၏အတွေးများကလွန်ခဲ့သောနှစ်ပေါင်း၈၀ဆီသို့............
(Lupaက Brightရဲ့အဘိုးပါနော် ရှုပ်နေမှာဆိုးလို့ပါ)
ခန်းနားမှုအပေါင်းခညားနေသော Wang အိမ်ကြီးမှလူများမှာ မအားလပ်နိုင်စွာ တကုပ်ကုန်နဲ့အလုပ်ရှုပ်နေကြရသည်။
ဟဲ့ ...အဲ့ဒီ့ ပန်းအိုးကြီးကိုဒီနားမထားနဲ့လေ..... ဒါကြီးကအရောင်ဖျော့တယ် ငါ့သားကအစိမ်းကြိုက်တာပြန်လဲလိုက်
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...