သူနားကြားမှားသည်တော့လုံးဝမဖြစ်နိုင် ၁နှစ်ကျော်လောက်ရင်းနှီးနေသော အိပ်မက်ထဲကကောင်လေးအသံမှန်းသေချာသည်။
Yiboကအဆင်ပြေတဲ့နေရာမှာဝင်ထိုင်လိုက်နော် ကဲစာစသင်မယ် စာအုပ်ထုတ်ကြတော့
အရှေ့တန်းမှခုံလွတ်များကိုကျော်ပြီး သူ့ဘေးလာရပ်သော Wang Yiboကြောင့် XiaoZhan ဘာလည်းဆိုသောအကြည့်ဖြင့်ပြန်ကြည့်ပေးလိုက်သည်။
ကျွန်တော် XiaoZhan ဘေးနားထိုင်မလို့ မင်းအနောက်တန်းဆင်းပေးပါလား။
ဟင်.!...
အမ်!.....
Yiboရဲ့စကားတစ်ခွန်းကြောင့်သူတင်မက သူ့ဘေးနားကစကားတတ်ပါသည်ဆိုသောကြက်တူရွေးကောင်Jackပါ အမ် တစ်လုံးသာအသံထွက်နိုင်
တော့သညျ။ကျွန်တော် XiaoZhanဘေးနားထိုင်မလို့
ကြောင်အမ်းနေတဲ့ Jackကို ခုနထက်နည်းနည်းမာတဲ့လေသံနဲ့ပြောလိုက်တာကြောင့် Jackခဗျာယောင်တောင်ပေါင်တောင်နဲ့ သွားဖြဲပြကာ
အင်း...ထိုင်လေ ငါအနောက်သွားထိုင်လိုက်မယ်။
Jackအနောက်တန်းရောက်သွားသည်နှင့်အေးအေးဆေးဆေးပင် သူ့ဘေးနားခပ်တည်တည်လာထိုင်သော Wang Yiboဆိုသောထိုလူသားကြောင့် XiaoZhanခဗ်ာ ရီဘဲပြရတော့မလိုလိုနှင့်ဘာစပြောရမှန်းမသိပေ။
တော်ပါပြီ ငါ့ဟာငါဆရာမစာသင်တာလိုက်နားထောင်လိုက်မယ်။
ကိုယ့်အတွေးနဲ့ကိုယ် ဆရာမဆီအာရုံထည့်ဖို့ကြိုးစားနေပေမဲ့ စာစသင်ထဲက ကိုယ့်မျက်နှာကိုအရှေ့ကသင်ပုန်းနဲ့မှားနေလားမသိထိုင်ခုံအနောက်ကျောမှီပြီးရှေ့ခြေဆင်း၍လက်ပိုက်ကာခပ်တည်တည်ကြည့်နေသောဘေးနားက Wang Yiboကြောင့်XiaoZhanတစ်ယောက်ခြေမကိုင်မိလက်မကိုင်မိနှင့်။
ဟုတ်သည်လေ ကိုယ့်ကိုတစ်ချိန်လုံးမျက်တောင်မခတ်ကြည့်နေမှန်းသိရင် အဲ့လူရှေ့ဘာလုပ်လို့လုပ်ရမှန်းမသိအောင်ဖြစ်တတ်ကြသည်က လူ့သဘာဝမဟုတ်လား အခုကမသိမသာလည်းမဟုတ် ကြည့်မှန်းသိသာလွန်းလို့ သူ့အတွက်တကယ်နေရထိုင်ရခက်စေသည်။
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...