ကလင်... ကလင်..ကလင်...
မုန့်စားကျောင်းဆင်းခေါင်းလောင်းထိုးသံကြားရတာကဘဝမှာဒီလောက်ပျော်စရာကောင်းမှန်း XiaoZhanမသိခဲ့ပါ။
မပျော်ဘဲနေမလား စာသင်ချိန်၁နာရီလောက်ကို သူ့မျက်နှာဘဲသေချာစိုက်ကြည့်နေတဲ့ Wang Yiboကြောင့်သူ့ခဗျာ အသက်တောင်ပြင်းပြင်းမရှူရဲခဲ့။
ဟျောင့်....မင်းဘာစားမှာလဲ.
ပုခုံးလာဖက်ကာမေးနေသော Jackကို လူသတ်မည့်ရုပ်နဲ့ကြည့်နေသော Wang Yiboကြာင့်
မင်းလက်ကြီး ဖယ်စမ်းပါ ငါ့ပုခုံးနာတယ်
အမယ် အရင်ကလည်းဖက်နေကြဟာကိုအခုမှဘာထဖောက်တာလဲ မသိဘူး နာနာမနာနာဖက်တယ်ကွာ
အရိပ်ပြလို့အကောင်မမြင်တဲ့ အရူးကောင်ကပြောကာမှ အတင်းကိုလိုက်ဖက်နေတော့သည်။
ဒုန်း!!................
ကျယ်လောင်လွန်းတဲ့အသံကြောင့် XiaoZhanနဲ့ jackပင်မက အခန်းထဲမှကန်တင်းသွားရန်ပြင်ဆင်နေသောသူများပင်လန့်ဖျန့့်ကာသူတို့၃ယောက်အားလှည့်ကြည့်လေသည်။
အဲ့လက်ကိုအခုဖယ်.....
ပြောလည်းပြောသူ့ပုခုံးပေါ်မှJackလက်ကိုဆွဲချလိုက်သော Yiboကြောင့် အတန်းထဲမှသူများမှာလည်းပါးစပ်အဟောင်းသားနှင့်
Jackတစ်ယောက်လည်း ဘာပြန်ပြောရမှန်းပင်မသိအောင်နေရာမှာပင်ကြောင်၍ရပ်နေမိသည်အထိ
အဟက်.... Yiboကစတာပါ လာလာ ငါဗိုက်ဆာနေပြီသွားကြမယ်လေ....
XiaoZhanလည်း ဘာမှန်းမသိသောအခြေအနေကြီးကြောင့် အရူးကွက်နင်းကာ အတန်းထဲမှခပ်သွက်သွက်ထွက်လာလိုက်ရသည်။
ကန်တင်းရောက်လို့ စိတ်အေးရမယ်မကြံသေး ဘာမှမစားဘဲ သူ့မျက်နှာတစ်ကမ္ဘာထင်နေသောတစ်ယောက်ကြောင့်လည်ချောင်းထဲကအစာများမျိုချဖို့တောင်ခက်ခဲနေမိသည်။
ခက်လည်းစားရမှာဘဲ သူ့ဟာသူ ကိုယ့်မျက်နှာကြည့်ပြီးဗိုက်ပြည့်လည်း ကိုယ့်ဗိုက်ကတော့ဖြည့်ရမှာဘဲ
.
.
.
.
Wang Yibo!!....အမယ် ဒင်းကသူ့နာမည်ကိုခေါ်လို့ကောင်းလို့ခေါ်တယ်ထင်နေလားမသိဘူး ဘာလဲဆိုတဲ့အထာနဲ့မေးတောင်လာဆတ်ပြနေသေးတယ်။
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...