ဒါဆို ဒီက ကိုကိုက ကိုကိုXiaoZhanရဲ့အတန်းဖော်ပေါ့ဟုတ်လား wow!! ဒီလောက်ချောတဲ့အတန်းဖော်ရှိတာကို ကိုကို တို့များနှုတ်လုံလိုက်တာ
Lily !..
နင်ပါးစပ်လေးပိတ်ပြီးစားလို့မရဘူးလားဟမ်..XiaoZhanတကယ်ပင်နားငြီးလာပြီဖြစ်သည်။ မနက်စာစားဖို့ခုံမှာစထိုင်ထဲက Lilyတစ်ယောက် သူ့ကိုယ်သူသတင်းထောက်မှတ်နေသလားမသိ Yiboကိုတစ်ချက်မှအနားမပေးဘဲမေးခွန်းများမေးနေတာဖြစ်သည်။
ကိုကိုကလည်းဒီတ်ိုင်းလေးသိချင်လို့မေးတာကို ဘာဖြစ်တာလဲ
ဘာဖြစ်ရမှာလဲ နင့်မေးခွန်းဖြေနေတာနဲ့တင် Wang Yiboပါးစပ်ထဲမနက်စာတစ်ဇွန်းမရောက်သေးဘူး တကယ်ထဲ ညကတစ်ညလုံးမအိပ်ဘဲများမေးရမဲ့မေးခွန်းတွေထိုင်စဥ်းစားနေသလားမှတ်ရတယ်။
ဟွန့်...အမေးခံရတဲ့သူကတောင်ဘာမှမပြောတာ ကိုကိုက ကြားထဲကနေဘာထဖြစ်တာလဲ
ဘာထဖြစ်ရမှာလဲ နင်လူလိုမသိတတ်လို့ဝင်ပြောနေရတာလေ Yiboမနက်စာလေးတော့အေးဆေးစားပါစေလား
မင်းလည်းမြန်မြန်စား အတန်းနောက်ကျရင်အပြစ်ပေးခံနေရမယ် စားပြီးတာနဲ့သွားကြ
မယ်ကိုယ့်ညီမကို မနိုင်တော့နိုင်တဲ့သူဘဲပြောရတော့မှာပေါ့ ကြာကြာဆက်ထိုင်နေရင် Lilyမေးခွန်းတွေထိုင်ဖြေနေတာနဲ့တင်ဒီနေ့သူတို့၂ယောက်လုံးကျောင်းသွားရဖို့မသေချာတော့ဘူး
.
.
.(At School)
****************
ငါမေးတာကိုဖြေလေ မင်းတို့၂ယောက်ကဘာလို့အတူတူလာတာလဲအိမ်က ကြက်တူရွေးမ လက်ထဲကလွတ်အောင်မြန်မြန်ပြေးလာပါတယ်ဆိုမှကျောင်းက သာလိကာကောင်ကပိုဆိုးနေသည်။
ဟျောင့် XiaoZhanမှန်မှန်ဖြေနော် မင်းနဲ့ Yiboနဲ့ကဘာတွေလဲ အရင်ထဲကသိတာလား
မဟုတ်ပါဘူးဆိုကွာ မင်းလိုဘဲသူကျောင်းပြောင်းလာတဲ့နေ့ကမှတွေ့ဖူးတာ
အာ့ဆိုသူက မင်းကိုဘာလို့ ကိုကို....ကိုကိုနဲ့လိုက်ခေါ်တာလဲ
ငါမသိဘူးလေကွာ သိချင်သူ့သွားမေးပါလား
ဟ...ငါမမေးရဲလို့ပေါ့ကွ သူက ငါ့ဆိုသိပ်ကြည်ပုံမပေါ်ဘူး မင်းနားကပ်တာတွေ့ရင်ပိုဆိုးသေးတယ် အခုတောင် ဆရာမသူ့ကိုရုံးခန်းထဲခေါ်သွားလို့ငါမင်းနားလာရဲတာ
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...