ကျစ်... လခွီးတဲ့မှဘဲ ပျင်းလို့သေတော့မယ်ထင်တယ် ဟူး......
ပါးစပ်မှတိုးတိုးတိတ်တိတ်ညည်းရင်း XiaoZhan ဘေးဘီသို့ခေါင်းလှည့်ကြည့်လိုက်သည်။
ဟွန်း...ဘယ်နေရာရာကြည့်ကြည့်လည်းပျင်းစရာမြင်ကွင်းကြီးဘဲ.....
နောက်ဆုံးပေါ်ပြိုင်ကားလေးလိုချင်လို့သာ ပါးနဲ့အတူ ဒီကုမ္ပဏီအကျိုးတူပူးပေါင်းစီမံကိန်းဆိုတဲ့ လူကုံထံအသိုင်းအဝိုင်းတွေတက်တဲ့ပွဲကိုသူရောက်နေရခြင်းဖြစ်ပေမဲ့ XiaoZhanဆိုသောသူ့အတွက်ဒီလိုပွဲမျိုးတွေကတကယ်ကိုစိမ်းသက်လွန်းလှသည်။ သူပုံမှန်တက်ဖြစ်သောပွဲဆိုသည်မှာကလူငယ်တွေလွတ်လွတ်လပ်လပ်ပျော်ပါးလေ့ရှိတဲ့ barလိုနေရာမျိုးသာဖြစ်သည်။
ပါး.....ကျွန်တော်သန့်စင်ခန်းခနသွားအုံးမယ်။
အေး...သိပ်မကြာစေနဲ့နော်ခနနေပွဲစတော့မှာ
ပါး ကိုခေါင်ညိမ့်ပြရင်း သန့်စင်ခန်းသို့သူ့ခြေလှမ်းတွေကိုခပ်သွက်သွက်လှမ်းလိုက်သည်။
အင်း...အခုမှဘဲနေရထိုင်ရတာလွတ်လပ်သွားတော့တယ်
တစ်ချိန်လုံးပွဲထဲ ပါး မိတ်ဆက်ပေးတဲ့လူတွေကိုပြုံးပြီးခေါင်းညိမ့်ပြရလွန်းလို့ကိုယ့်ကိုယ်ကိုပုတ်သင်ညိုဖြစ်နေပြီတောင်ထင်တာ ဒါ့အပြင် သူ့ကိုမျက်နှာပျက်အောင်မလုပ်နဲ့ဆိုပြီးပြောထားတဲ့ ပါး ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် XiaoZhanခဗျာ တုပ်တုပ်တောင်မလှုပ်ရဲလောက်အောင်အနေကျဥ်းကျပ်လွန်းလှသည်။
သန့်စင်ခန်းတံခါးဖွင့်သံနဲ့အတူ ဝင်လာသောအရိပ်ဖြူဖြူလေးကိုကြည့်ပြီး XiaoZhanမှင်သက်နေမိသည်။
သူ့ဘဝမှာသူသာလျှင်အချောဆုံးဟုသတ်မှတ်ထားမိသည့် XiaoZhanဟာ ဒီလူတော်တော်ချောသည်ဆိုတာကိုတော့ဝန်ခံရမည်။
အရပ်ကသူ့လောက်မရှည်ပေမဲ့ပုနေတာမျိုးတော့မဟုတ် ယောကျာ်းတစ်ယောက်ရှိသင့်ရှိထိုက်သည့်အရပ်အမောင်းမျိုးတော့ရှိပါသည်။ဒါအပြင့်ခပ်ဖောင်းဖောင်းပါးလေးနှစ်ဖက်ကကြည့်ရမဆိုးတဲ့အပြင်ထိုယောကျာ်းနဲ့မှပိုလိုက်ဖက်နေသလိုပင်၊ ဖူးရစ်ရစ်နှုတ်ခမ်းတစ်စုံကလည်း ထိုလူသား၏အလှကိုပြည့်စုံအောင်လုပ်ပေးထားသလိုမျိုး အရာအားလုံးကိုခြုံကြည့်ပြီးသကာလ ထိုလူသားဟာတော်တော်ချောပြီးပြည့်စုံသည်ဟုသာ XiaoZhanကောက်ချက်ချလိုက်မိသည်။
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...