ဟျောင့် မျက်နှာလည်းမကောင်းဘူး နေမကောင်းလို့လားJack ရဲ့အမေးကို XiaoZhanခေါင်းညိမ့်၍သာဖြေလိုက်သည်။
သူ့မှာသူငယ်ချင်းဆိုလို့ရှားရှားပါးပါး ထို ကပြားကောင်တစ်ကောင်သာရှိသည်။Jackမိခင်ကတရုတ်လူမျိုးဖြစ်သော်လည်းဖခင်ကတော့ အမေရိကန်လူမျိုးဖြစ်သည်။
Jackက သူ့အဖေနှင့်ပိုတူသည့်အတွက် နိုင်ငံခြားရုပ်ပေါက်သည်။ အရပ်ရှည်ရှည်ဘိုဆန်နှင့်ချောသောJackမှာမကောင်းတဲ့အကျင့်တစ်ခုတော့ရှိသည် ထိုအရာကအခြားတော့မဟုတ် စကားတအားများခြင်းပင်။အခုလည်းကြည့် သူစကားအများကြီးပြောမှာဆိုးလို့ခေါင်းလေးညိမ့်ပြရုံပြန်ဖြေတာတောင် ကိုယ့်အမေထက်ပိုဆိုးအောင် တရားတွေဟောနေလေရဲ့။
အဲ့တာကြောင့်ပြောတာပေါ့ ရေမချိုးလို့သေတဲ့ မသာ မရွိဘူး လို့ အခုတော့ကြည့်တအားတွေအသန့်ကြိုက်တာဖြစ်ပြီမဟုတ်လား။
အေးပါ မိချောင်းသားရယ် တကယ်ထဲ နေလိူ့မကောင်းရတဲ့အထဲနားလာငြီးနေတယ်။
စိတ်ပေါက်ပေါက်နဲ့အော်လိုက်တော့လည်းသူမဟုတ်တဲ့အတိုင်းဘဲ တကယ်ပါကြည့်လို့ကိုမရတာ
ဒါနဲ့ ကျောင်းသားသစ်ရောက်မယ်ဆိုတာသိပြီးပြီလား။
ငါကဘယ်သိမှာလဲ မင်းလိုစပ်စုစိန်မှမဟုတ်တာ
အမယ်ဖြစ်ရသေးတယ် XiaoZhanရယ်
ကျောင်းမှာဒီလောက်Topဖြစ်နေတဲ့သတင်းကိုမင်းမသိဘူးဆိုထဲကငါစပ်စုတာမဟုတ်ဘူးမင်း တုံးတာသာလိကာ နဲ့အမျိုးတော်တဲ့ ထိုတစ်ကောင်ကိုမနိုင်မှန်းသိလို့ စကားနိုင်လည်းလုမပြောချင်တော့ပါ။
ဆရာမ ဝင်လာသည်နှင့် ခုနကမ်ဘာပျက်နေသောသူတို့အတန်းလေးက အပ်ကျသံပင်မကြားရတော့အောင်တိတ်ဆိတ်လို့နေသည်။
ကဲ ဆရာမ ကျောင်းသားသစ်တစ်ယောက်နဲ့မိတ်ဆက်ပေးမယ် ဝင်လာခဲ့နော်သား
ဝိုး.....
အတန်းထဲက မိန်းကလေးတွေရဲ့အော်သံကြောင့် ထိုကျောင်းသားသစ်ဆိုသူတော်တော်ချောမည်ထင်သည် အခုတော့ထိုတစ်ယောက်ချောမချောသူမကြည့်နိုင်သေး မနေ့ကစာကျက်ရင်းစာအုပ်မေ့ခဲ့သည်လားမသိ
ပါမလာ၍ကျောပိုးအိတ်ထဲအတင်းခေါင်းငုံ့ရှာနေရသည်
YOU ARE READING
လူထူးဆန်းလေး ကျွန်တော့်ချစ်သူ
RomanceIntro ******* တစ်ကိုယ်လုံးကိုက်ခဲနေ၍မျက်စိမဖွင့်နိုင်တော့တဲ့အခြေအနေမှာတောင်ရလိုက်တဲ့ရင်းနှီးနေတဲ့ ရနံ့ လေးကြောင့်ဒီနေ့လည်း မဖိတ်ခေါ်တဲ့ဧည့်သည်သူ့ဆီရောက်လာပြန်ပြီမှန်း XiaoZhanသိလိုက်သည်။ မျက်မှန်သမားမဟုတ်ပါဘဲ ထိုသူရောက်လာတိုင်း မျက်နှာကိုရှင်းရှင်းလင...