Chapter - 5

61 9 0
                                    

Chapter ( 5 )

ငါးမိနစ်ကြာပြီးနောက် ...

ရှန်းပိုင်က အိမ်စီးဖိနပ်ဖြင့်သာ အခန်းအတွင်းသို့ ပြေး၀င်သွားပြီး ကုလားထိုင်ပေါ်သို့ အရိုးမရှိတော့သကဲ့သို့ ခြေပစ်လက်ပစ်မှီချလိုက်၏ ။

မဲမှောင်နေသည့် တက်ဘလက်စခရင်ကိုကြည့်ရင်း မျက်ခုံးကျုံ့ထားမိသည့်အပြင် အနည်းငယ်၀မ်းနည်းသလိုလိုအပြင် မကျေမနပ်ဖြစ်မှုကိုပါခံစားနေရသည်။

စကားပြောတာအရမ်းများသွားလို့လား ...

အထူးသဖြင့် တံခါးနောက်မှရုတ်တရက်ထွက်ပေါ်လာခဲ့သော သန်မာသည့်လက်တစ်စုံအားပြန်တွေးမိသောအခါ သူမ၏ မျက်နှာပင်နီရဲလာရ၏ ။

တော်စမ်း တော်စမ်း တွေးနေတာရပ်လိုက်တော့ ...

တံခါးကိုဖမ်းလိုက်သည့် အရှိန်မှာလျှင်မြန်လွန်းသောကြောင့် လေအေးအေးများဖြတ်သန်းတိုက်ခတ်သွားသည်ကိုပင် ခံစား၍ရနိုင်သည် ။ ရှန်းပိုင် မျက်လုံးပိတ်ပြီး ပြန်ဖွင့်လိုက်သောအခါ၌ အနည်းငယ်စိတ်ပျက်မိသလိုခံစားရလေ၏ ။

သူဘာလို့ အဲလောက်တောင်သန်မာနေလဲမသိတော့ပါဘူး ...
တစ်ဖက်လူ ဒေါသထွက်သွားသလားလည်းသူမ မသိ‌ေပ။

မည်သို့ပင်ဖြစ်စေ သူမမစဥ်းစားဘဲတံခါးပိတ်လိုက်မိရခြင်းအကြောင်းအရင်းမှာ အပြင်ဘက်မှမည်သည့်လှုပ်ရှားသံကိုမှမကြားရတော့သောကြောင့်ပင် ။

အချိန်အတော်ကြာ သူမ၏ ရင်တွင်းမှအပူကိုငြိမ်အောင်ထိန်းညှိပြီးနောက် ချောင်းကြည့်ပေါက်မှတစ်ဆင့် ခိုးကြည့်လိုက်ပြန်၏ ။

ယခုတစ်ခေါက်တွင်မူ မည်သူတစ်ဦးတစ်ယောက်မှ မရောက်ရှိခဲ့ဖူးသကဲ့သို့ လျှောက်လမ်းတစ်ခုလုံးတိတ်ဆိတ်နေတော့ ၏ ။ရှန်းပိုင်မှာ နောက်တစ်ကြိမ်ခေါင်းကုတ်မိပြန်၏ ။ သူမသည် ဤကဲ့သို့လူအများနှင့် ဆက်သွယ်ပြောဆိုရမည်ကိုတွေးကြည့်ရုံနှင့်ပင် စိတ်ညစ်လာရသည် ။

တစ်ခါခွင့်ပြုပေးလိုက်သည်နှင့် နောက်ထပ်အကြိမ်ပေါင်းများစွာ ၀င်ရောက်စွက်ဖက်ခွင့်ပေးလိုက်ခြင်းနှင့်တူပြီး တစ်ဖက်လူအတွက်လည်း အကျိုးမရှိသည့် မျှော်လင့်ချက်များစွာရသွားစေနိုင်သည် ။

Orginal Flavour and 30% Sweet Where stories live. Discover now