Chapter ( 15 )
ညနေခြောက်နာရီထိုးခန့်တွင် ရှန်းပိုင်က နောက်ဆုံးစာအုပ်ကိုလက်မှတ်ထိုး၍ ပုံးထဲသို့ထည့်လိုက်သည် ။ တစ်နေကုန် လက်မှတ်ထိုင်ထိုးနေရသောကြောင့် သူမ၏လက်များပင် ထုံနေပြီဖြစ်သည့်အပြင် တစ်ကိုယ်လုံးကိုက်ခဲနေလေ၏ ။
ယီယီက ရှန်းပိုင်၏ လွယ်အိတ်ကိုသယ်ကာ လမ်းလျှောက်နေပြီး ရှန်းပိုင်က သူမ၏ လက်မောင်းတစ်ဖက်ကိုကိုင်၍ ဖြည်းဖြည်းချင်းလျှောက်နေလေသည် ။
ချန်ကျိုးက မိန်းကလေးနှစ်ယောက်၏ နောက်မှလိုက်လာပြီး အရပ်ပုပုနှင့် သူမ၏လက်ကလေးကိုကိုင်ထားသည့် မိန်းကလေးကိုသာကြည့်နေလေ၏ ။
အဆောက်အဦး၏ မလှမ်းမကမ်းတွင် ချန်ကျိုး ငှားထားသည့် တက္ကစီရောက်နေပြီဖြစ်သည် ။ ချန်ကျိုးက ယီယီ၏ လက်ထဲမှလွယ်အိတ်ကိုယူ၍ ရှန်းပိုင်အား ကားထဲ၀င်ထိုင်စေပြီးနောက် သူပါ၀င်ထိုင်လိုက်သည်။
ရှန်းပိုင်က ကားမှန်ကိုချ၍ ယီယီကို လက်ပြနှုတ်ဆက်လိုက်သေး၏ ။
လမ်းမကြီးပေါ်သို့ရောက်သောအခါ ၌ ကောင်းကင်တစ်ခုလုံးမှောင်မဲနေလေပြီ ။ လမ်းဘေးရှိအဆောက်အဦးများမှ နီယွန်မီးရောင်များသာတလက်လက်တောက်ပနေ၏ ။ ရှန်းပိုင်က ထိုင်ခုံပေါ်သို့မှီချလိုက်ပြီး ခေါင်းစောင်းကာအပြင်မှမြင်ကွင်းများကိုကြည့်နေလေသည်။
သူမဘေးတွင် ထိုင်နေသည့်အမျိုးသားနှင့် အလွန်နီးကပ်နေသောကြောင့် သူမ ထိုသူ့ဘက်သို့လှည့်မကြည့်ရဲချေ ။
သို့သော်လည်း ထိုသူက သူမကိုအဖော်ပြုပေးရန်တစ်ခုတည်းအတွက်နှင့်တစ်နေကုန် အချိန်ဖြုန်းကာထိုင်စောင့်ပေးနေခဲ့သည် ။စတိုးဆိုင်မှာ တစ်ရှုးတောင်သွား၀ယ်ပေးခဲ့သေးတယ် ...
သူမက အလွန်အားနာမိသော်လည်း ချန်ကျိုးကို ကြည့်ရမည်ကိုအလွန်ရှက်ရွံ့သောကြောင့် တိုးတိုးလေးပြောလိုက်သည် ။
"……ကျေးဇူးတင်ပါတယ် ……"
စကားသံမှာ တိုးလျသော်လည်း ချန်ကျိုးကမူ ရှင်းရှင်းလင်းလင်းကြားလိုက်ရ၏ ။
YOU ARE READING
Orginal Flavour and 30% Sweet
Fantasy# sweet ရှန်းပိုင်မှာ လူမှုဆက်သွယ်ရေးနှင့်ပက်သက်သည့် ကျန်းမာရေးပြဿနာရှိနေပြီး အခြားသောသူများနှင့် စကားပြောဆိုရန်ပင်မဆိုနှင့် အကြည့်ချင်းဆုံရန်ပင်ခက်ခဲလှသည် ။ သို့သော်လည်း သူမမှာ လူတစ်ယောက်အားသဘောကျနေသည် သူမမှာ အံကြိတ်၍ ခြေထိပ်ဖြင့် မြေပြင်ကိုပွတ်...