Chapter ( 7 )
ရှန်းပိုင်မှာ သူမ၏သွေးများစီးဆင်းနေမှုသည်ပင် ရပ်တန့်သွားသည်ဟုထင်မိနေ၏ ။ ခေါင်းတစ်ခုလုံးမူးေနှာက်ေနှာက်ဖြစ်နေ၍ ချန်ကျိုး၏ စကားကိုမနည်းနားထောင်နေရသည် ။
အခြားသောအချက်များထက် သူ၏ နာမည်မှာ ချန်ကျိုးဖြစ်ကြောင်းကိုသာ ရေရေရာရာကြားလိုက်ရ၏ ။ သူမမှာ အသံတစ်သံမှပင်မထွက်ရဲသော်လည်း သူမ၏ မျက်နှာမှာနီရဲ၍ပူနေလေသည် ။
သူမျှော်လင့်ထားသကဲ့သို့ပင် ကောင်မလေးကတိတ်ဆိတ်နေသောကြောင့် ချန်ကျိုး နှုတ်ခမ်းကိုလျှာဖြင့်လျက်လိုက်ပြီးနောက် ပြုံးကာဖြင့်
" မင်းကချစ်ဖို့ကောင်းပါတယ်ကွာ ... ဘာလို့အမြဲပုန်းနေဖို့ပဲကြိုးစားနေရတာလဲ "
အမ် ချစ်ဖို့ကောင်းတယ်ဟုတ်လား ...
ဒါက ပထမဆုံးအကြိမ် တစ်ယောက်ယောက်ကငါ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောလာတာပဲ ...
ဒါ ငါ့ကိုချီးကျူးလိုက်တာမလား ...
ယဥ်ကျေးမှုအရပြောတာလဲဖြစ်နိုင်တာပဲလေ ...
အမှန်ပင် သူမကိုယ်သူမချစ်ဖို့ကောင်းသည်ဟုမထင်မိေပ။ ယွမ်ယွမ်က သူမကို အရူးတစ်ယောက်နှင့်တူသည်ဟု အမြဲပြောလေ့ရှိသောကြောင့်ပင် ။ ရှန်းပိုင်က သူမကိုယ်သူမမလုံခြုံတော့ဟုခံစားရသောကြောင့် မသိစိတ်က လက်မြှောက်၍ သူမ၏မျက်နှာကိုကာလိုက်မိသည် ။ချန်ကျိုးက သူမ၏အပြုအမူသေးသေးလေးများကိုကအစကြည့်ရှုနေခဲ့ပြီး သူမထံသို့ စက္ကူအိတ်ကိုကမ်းပေးလိုက်သည် ။
ရှန်းပိုင်က ခေါင်းညိမ့်၍ လှမ်းယူရန်ပြင်လိုက်လေသည် ။ သူမ၏ အနွေးထည်အကျီလက်မှာအလွန်ရှည်လျားသောကြောင့် လက်တစ်ခုလုံးကိုဖုံးအုပ်ထားကာ ဖြူဖျော့သွယ်လျသည့် လက်ချောင်းထိပ်ကလေးများနှင့် ဆေးမဆိုးထားဘဲပန်းရောင်ဖျော့ဖျာ့ဖြစ်နေသည့် လက်သည်းလေးများကိုသာမြင်ရသည် ။ချန်ကျိုးက စက္ကူအိတ်ကိုရှေ့သို့တိုးပေးလိုက်သောအခါ မိန်းမငယ်လေးက လက်နှစ်ဖက်ဖြင့်ဆန့်တန်းယူလာ၏ ။
ထို့နောက် ဂရုတစိုက်ဖြင့်ပွေ့ထားလိုက်ပုံမှာ မိမိ၏ ချစ်မြတ်နိုးရသော လူတစ်ယောက်ကိုဖက်ထားသကဲ့သို့ပင်။
နောက်ဆုံး၌ ဖြည်းဖြည်းချင်းအိမ်တံခါးနားသို့တိုးကပ်သွားပြီး တစ်ခါလေးမှပင် ချန်ကျိုးအားမော့မကြည့်ခဲ့ပေ ။
YOU ARE READING
Orginal Flavour and 30% Sweet
Fantasy# sweet ရှန်းပိုင်မှာ လူမှုဆက်သွယ်ရေးနှင့်ပက်သက်သည့် ကျန်းမာရေးပြဿနာရှိနေပြီး အခြားသောသူများနှင့် စကားပြောဆိုရန်ပင်မဆိုနှင့် အကြည့်ချင်းဆုံရန်ပင်ခက်ခဲလှသည် ။ သို့သော်လည်း သူမမှာ လူတစ်ယောက်အားသဘောကျနေသည် သူမမှာ အံကြိတ်၍ ခြေထိပ်ဖြင့် မြေပြင်ကိုပွတ်...