Chapter ( 8 )
တစ်ပတ်ကြာသောအခါ ရှန်းပိုင်က အထုပ်အပိုးများပြင်ပြီး ယီယီဆီသို့ပြောင်းသွားလေ၏ ။ အချိန်အတိုအတွင်းအိမ်ရှာရန်မှာမလွယ်ကူသောကြောင့် ယီယီက သူမ၏တိုက်ခန်းတွင် ခေတ္တနေထိုင်နိုင်ရန်စီစဥ်ပေးလေသည် ။
ပြီးခဲ့သည့်ရက်များအတွင်း၌ နို့လက်ဖက်ရည်၏ ကျေးဇူးကြောင့်သာ အသက်ဆက်ရှင်နိိုင်ရန်အတွက်အားအင်များရလာခဲ့ရပြီး သူမ၀တ္ထုထဲမှဇာတ်ကောင်များ၏ ဇာတ်ကွက်များကိုရက်ရက်ရောရောအားပါးတရရေးသားခဲ့သည် ။
ယီယီစိတ်ကျေနပ်လောက်စေသည့် မူကြမ်းကိုအချိန်မှီအပ်နိုင်သောကြောင့် အယ်ဒီတာများနှင့် တည်းဖြတ်သူတစ်အုပ်လုံးမှာ အကျေနပ်ကြီးကျေနပ်နေကြတော့၏ ။
" နင် မူကြမ်းကိုကောင်းကောင်းကန်းကန်းရေးပြီးအချိန်မီအပ်နိုင်လို့သာမဟုတ်ရင် ငါနင့်ကိုလာနေခွင့်ပေးမှာမဟုတ်ဘူး... သိရဲ့လား "
ရှန်းပိုင်က သူမ၏ တိုလီမုတ်စပစ္စည်းလေးများပါမကျန်အကုန်ထုပ်ပိုးလာခဲ့သည် ။ သူမပထမဆုံးအကြိမ်ဤမြို့သို့ရောက်လာသည့်အချိန်တုန်းကလည်း ယွမ်ယွမ်က အိမ်ရှာတွေ့သည်အချိန်အထိသူမအားခေါ်ထားခဲ့ဖူးသည် ။
ဤတစ်ကြိမ်နှင့်ဆိုလျှင် ယွမ်ယွမ် ထံသွားရောက်နေထိုင်သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်သည် ။
ယီယီတွင် ဓားတစ်လက်ကဲ့သို့ ထက်ရှသည့်ပါးစပ်ရှိသော်လည်း သူမ၏နှလုံးသားမှာမူ တို့ဖူးလေးတစ်တုံးကဲ့သို့နူးညံ့လှ၏ ။
ရှန်းပိုင်တွင် ပုံမှန်မဟုတ်သည့် စိတ်ရောဂါအပျော့စားရှိကြောင်းသိသည့်အချိန်မှစ၍ အလုပ်၌သာမကနေ့စဥ်ဘ၀တွင်ပါ အာရုံထား၍ဂရုစိုက်ပေးလေ့ရှိသည် ။
ဒီတစ်ကြိမ်၌မူ ယီယီ၏ အိမ်ထဲတွင်ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရသောကြောင့် အလွန်အံ့သြသွားရ၏ ။ထိုလူငယ်လေးက အရပ်ရှည်ကာ သိမ်မွေ့သည့်မျက်နှာထားပုံစံရှိသည် ။သူမထိုလူကို ဘယ်တုန်းကမှမတွေ့ဖူးခဲ့ပေ ။
ထိုလူငယ်လေးက အလွန်ယဥ်ကျေးသည့်အပြင် သူမတို့အတွက်အိမ်စီးဖိနပ်များကိုပါ ယူလာပေးလေသည်။
YOU ARE READING
Orginal Flavour and 30% Sweet
Fantasy# sweet ရှန်းပိုင်မှာ လူမှုဆက်သွယ်ရေးနှင့်ပက်သက်သည့် ကျန်းမာရေးပြဿနာရှိနေပြီး အခြားသောသူများနှင့် စကားပြောဆိုရန်ပင်မဆိုနှင့် အကြည့်ချင်းဆုံရန်ပင်ခက်ခဲလှသည် ။ သို့သော်လည်း သူမမှာ လူတစ်ယောက်အားသဘောကျနေသည် သူမမှာ အံကြိတ်၍ ခြေထိပ်ဖြင့် မြေပြင်ကိုပွတ်...