Chapter ( 9 )
ရှန်းပိုင်အနေဖြင့် ချန်ကျိုးအား ဤကဲ့သို့ပုံစံမျိုးဖြင့်ပြန်ဆုံရန်မမျှော်လင့်ထားချေ ။
ချန်ကျိုးသည်လည်း ရှန်းပိုင်းအိမ်ပြောင်းရမည်ကိုသိသော်ငြား ပညာသင်ဆုအစီအစဥ်ဖြင့် ဟောင်ကောင်သို့ ရက်အနည်းငယ်သွားလိုက်ရသောကြောင့် ကိစ္စများစွာကိုအာရုံမစိုက်နိုင်ဖြစ်သွားခဲ့ရသည် ။
ကဖေးမှ၀န်ထမ်းများနှင့်အတူဖွဲ့ထားသော စကားပြောအုပ်စုတွင် ' ဒုတိယအကြိမ်ပျောက်ဆုံးသွားသောနတ်သမီးလေး ' ဟုဆွေးနွေးနေကြသည့်အခါမှသာ ရှန်းပိုင်အကြောင်းကိုသတိရမိသွားသည် ။
အစောပိုင်း၌ သူ၏ အစီအစဥ်မှာ သူမပြောင်းမည့် လိပ်စာကိုစုံစမ်းရန်ဖြစ်ပြီး ကမ္ဘာကြီးပေါ်တွင်ရှိနေသရွေ့ မည်သည့်နေရာပင်ဖြစ်စေ လိုက်ရှာမည်ဖြစ်သည် ။
နောက်ဆုံးတစ်ကြိမ် စကားပြောသည့်အချိန်က ပြောခဲ့သည့်နှုတ်ဆက်စကားမှာ သာမန်ကာလျှံကာပြောခဲ့ခြင်းဖြစ်သော်လည်း ရှန်းပိုင်၏ ဘက်မှအချိန်အတော်ကြာသူ့အားမဆက်သွယ်လာခဲ့တော့ချေ ။ ထို့ကြောင့် ချန်ကျိုးမှာ အမှန်ပင်အူလည်လည်ဖြစ်သွားရ၏ ။
ချန်ကျိုးက ကြာသပတေးနေ့တိုင်းဓားရေးကလပ်သို့သွားလေ့ရှိသည် ။ အလွန်အမင်း၀ါသနာပါ၍မဟုတ်သော်ငြား စိတ်ထွက်ပေါက်အနေဖြင့် သွားရောက်လေ့ကျင့်ခြင်းဖြစ်သည် ။
ချန်ကျိုး ကလပ်အဖွဲ့၀င်ဖြစ်သည်မှာနှစ်အနည်းငယ်ကြာပြီဖြစ်သောကြောင့် ကလပ်ထဲတွင်လူသိများပြီး သူ့အားအနိုင်တိုက်နိုင်သည့် သင်တန်းသားဟူ၍ များများစားစားမရှိချေ ။ထူးခြားသည့်တစ်ယောက်သောသူမှာ ကျန်း မျိုးရိုးအမည်ရှိကောင်လေးတစ်ယောက်ဖြစ်သည် ။ ထိုကောင်လေးက သူ့ထက်ဆယ်နှစ်ငယ်ပြီး ချမ်း၀ကြွယ်၀သည့်မိသားစုတစ်ခုမှဖြစ်၏ ။ ချန်ကျိုး စီယာတန်းတက်နေသည့်နှစ်၌ ထိုကောင်လေး၏ မိဘများက သင်တန်းသားအဖြစ်ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံထားခြင်းပင် ။
၁၈၆ စင်တီမီတာ ရှည်သည့်အရပ်နှင့် သန်မာသောခန္ဓာကိုယ်တည်ဆောက်ပုံတို့ကြောင့် ကျန်းမျိုးရိုးနှင့်ကောင်လေးမှာ ကျားပေါက်တစ်ကောင်ကဲ့သို့ အကြောက်အလန့်မရှိပေ ။
YOU ARE READING
Orginal Flavour and 30% Sweet
Fantasy# sweet ရှန်းပိုင်မှာ လူမှုဆက်သွယ်ရေးနှင့်ပက်သက်သည့် ကျန်းမာရေးပြဿနာရှိနေပြီး အခြားသောသူများနှင့် စကားပြောဆိုရန်ပင်မဆိုနှင့် အကြည့်ချင်းဆုံရန်ပင်ခက်ခဲလှသည် ။ သို့သော်လည်း သူမမှာ လူတစ်ယောက်အားသဘောကျနေသည် သူမမှာ အံကြိတ်၍ ခြေထိပ်ဖြင့် မြေပြင်ကိုပွတ်...