Chapter ( 10 )
ရှန်းပိုင်မှာ အိပ်မပျော်နိုင်ပေ ။
ဒီလိုအခြေအနေကြီးမှာ ဘယ်သူကအိပ်နိုင်မှာလဲ ...
သူမ၏ ကျောပိုအိတ်မှ ချောကလက်ရောင် ကြောင်ရုပ်လေးနှင့်သာဆော့ကစားနေလေ၏ ။ ချန်ကျိုးသည်လည်း စကားမပြောဘဲ ကားကိုသာအာရုံစိုက်မောင်းနေလေသည် ။
မီးနီ မိနေသည့်အချိန်၌ ချန်ကျိုးက ရှန်းပိုင်အားချောင်းကြည့်လိုက်သည့်အချိန်တွင် မိန်းမငယ်လေးမှာ အိပ်မပျော်နိုင်ဘဲ အတွေးများနေပုံရသည် ။
မျက်ခွံမို့မို့လေးများနှင့် သူမ၏ မျက်တောင်များမှာ အရမ်းမထူသော်ငြား ရှည်လျား၏ ။ ချန်ကျိုးအား အပင်တစ်ပင်ကိုအမှတ်ရမိသွားစေသည် ။
အခုထိသူမရဲ့အသက်ကိုမသိရသေးဘူးပဲ ...
အသက်မပြည့်သေးတာတော့ မဖြစ်နိုင်လောက်ပါဘူး ...
လက်ချောင်းများဖြင့် ကားစတီယာရင်ကို ခေါက်ရင်း ချန်ကျိုး ကမေးလိုက်သည် ။
" မင်းအသက်ဘယ်လောက်ရှိပြီလဲ "
ရှန်းပိုင်က သော့ချိတ်ဖြင့်ဆော့ကစားနေသည်ကိုရပ်တန့်လိုက်ပြီးနောက် ခဏကြာသောအခါမှ ' နှစ် ' ဟုအဓိပ္ပာယ်ရသည့် လက်နှစ်ချောင်းကို V ပုံသဏ္ဍာန်ထောင်ပြလာ၏ ။ ထို့နောက် လက်သူကြွယ်ကိုထုတ်၍ ' သုံး ' ဂဏန်းကိုထပ်မံလုပ်ပြလာသည် ။
ချန်ကျိုးက မေးလာသောကြောင့် ရှန်းပိုင်ခေါင်းညိမ့်ပြလိုက်သည် ။
ရှန်းပိုင် အံ့သြသွားသော်လည်း ခေါင်းညိမ့်ပြလိုက်ပြန်၏ ။ သို့သော်လည်း သူမ၏ နှလုံးသားလေးအတွင်း၌မူ မုန်တိုင်းထန်နေပြီဖြစ်သည် ။
ချန်ကျိုးက မေးခွန်းများမေးနေသည်ကိုရပ်တန့်၍ အက်စီးဒန့် တစ်ခုခုမဖြစ်စေရန် ကားမောင်းေနသည်ကိုသာပြန်လည်အာရုံစိုက်လိုက်သည် ။ထိုအခါမှသာ ရှန်းပိုင်အတွက် အသက်ရှုချောင်သွားရလေသည် ။ သူမ၏ လက်ချောင်းများကိုလိမ်မိနေသည့်အချိန်တွင် ချန်ကျိုး၏ အသံကိုကြားလိုက်ရသည် ။
" ရောက်ပြီ ... "
ကားရပ်သွားသည့်အချိန်၌ ရှန်းပိုင် အပြင်သို့ချောင်းကြည့်လိုက်သောအခါ မျက်တောင်ပင်မခတ်နိုင်တော့သည်အထိအံ့သြသွားရသည် ။
YOU ARE READING
Orginal Flavour and 30% Sweet
Fantasy# sweet ရှန်းပိုင်မှာ လူမှုဆက်သွယ်ရေးနှင့်ပက်သက်သည့် ကျန်းမာရေးပြဿနာရှိနေပြီး အခြားသောသူများနှင့် စကားပြောဆိုရန်ပင်မဆိုနှင့် အကြည့်ချင်းဆုံရန်ပင်ခက်ခဲလှသည် ။ သို့သော်လည်း သူမမှာ လူတစ်ယောက်အားသဘောကျနေသည် သူမမှာ အံကြိတ်၍ ခြေထိပ်ဖြင့် မြေပြင်ကိုပွတ်...