စွာစိလန် CEOပေါက်စလေးဟာ ငါ့အမြင်ဟာသိပ်ကိုချစ်စရာလေးပင်။
"ဟျောင့် Gemini မင်းကိုCEO ခေါ်နေတယ်"
အခုမှ ရုံးရောက်ပြီး အလုပ်တွေသင်မလို့လုပ်နေမဲ့ CEOကခေါ်သည်တဲ့လား။သို့ပေမဲ့ Satangမျက်နှာကြည့်လိုက်တော့ ငါ့ကိုအခေါ်ခံရတာအံ့ဩပုံမရသောကြောင့် ကြီးကြီးမားမား မဟုတ်လောက်ဘူးဟုသာ တွေးလိုက်မိသည်။
"အေးအေးငါသွားလိုက်မယ်"
"အေးCEOကိုသွားမစနဲ့ဦးနော်"
"အေးပါဟ မင်းကလဲ"
"မင်းအကြောင်းသိလို့ပြောနေရတာ"
ဟုတ်ပါရဲ့ငါဆိုတဲ့လူက အစအနောက်သန်သည်မဟုတ်လား။
ငါလည်း Satang ကိုပြောကာ CEO အခန်းကိုထွက်လာလိုက်သည်။
"ဒေါက်...ဒေါက်"
"ဝင်ခဲ့ပါ"
"ခေါ်တယ်ဆိုလို့ပါ"
"အော်လာပြီလား ထိုင်လေ"
"ဟုတ်"
"အခုခေါ်လိုက်ရတဲ့အကြောင်းအရင်းက စည်းကမ်းချက်တွေကို ပြောပြချင်လို့"
"ဟုတ်"
"ရုံးနောက်မကျပါနဲ့ ၉နာရီဆို ၁မိနစ်စွန်းတာတောင်ကျွန်တော်မကြိုက်ပါဘူး"
ရုံးစည်းကမ်းချက်တွေကို အသံစွာစွာလေးဖြင့်ပြောနေတဲ့ အရှေ့ကကလေးသေးသေးဟာ CEOဆိုတဲ့နာမည်နဲ့ မလိုက်ဖက်။
ကလေးတွေဆိုစတတ်သည့်အကျင့်ကြောင့် ငါသည်မနေနိုင်။
"အဲ့ဆို ၅၀စက္ကန့်လောက်နောက်ကျရင်ကော"
"ဟမ်??"
"မရဘူးလား ၅၀စက္ကန့်နောက်ကျလို့"
"အင်း မရဘူး"
"အဲ့ဆို ၂၀ကော"
"ဟာ မရဘူးဗျာ"
"အဲ့ဆို ၁၀စက္ကန့်"
"ဟာဗျာ ၁စက္ကန့်တောင်မရဘူး ဟုတ်ပြီလား"
"ဟုတ်ကဲ့ပါ"
"နောက်တစ်ချက်က ရုံးစားပွဲနားမှာ အစားအသောက်စားလို့မရဘူး"
"အဲ့ဆိုရေကောသောက်လို့ရလား"
"ရေတော့ရတယ်"

YOU ARE READING
CEO's boyfriend
Romanceကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ