Part 9

428 52 5
                                    

"ဒါကဘယ်လိုတွေဖြစ်နေကြတာလဲ"×2

ဆိုဖာခုံပေါ်မှာ အငေါက်ခံနေရလို့ဝမ်းနည်းနေ
သည့်ကလေးလေးတွေအလား Geminiနဲ့Fourthတို့ခေါင်းလေးတွေငုံ့ကာကျုံ့ကျုံ့လေးထိုင်နေကြသည်။

"ပြောပါဦးဘယ်လိုဖြစ်တာလဲ"

"အဲ...ဟို"

"ငါကတော့မင်းနေမကောင်းဘူးဆိုလို့ CEOကိုအကူညီတောင်းလိုက်ရတာ။မင်းကတော့ ငါ့မျက်နှာကိုအိုးမဲကောကတ္တာစေးတွေနဲ့ကောပါသုတ်တာလား Gemini "

"သူငယ်ချင်းလေးရယ် စိတ်လျှော့ပါ ဒါကဖြစ်ချိန်တန်လို့...

"တိတ် ပြောပါဦး အခုတော့နေမကောင်းတာကိုအကြောင်းပြပြီး CEOကတော်နေတာကိုယူလိုက်ပြီပြောပါ"

"ဟ ငါလိုကောင်ကCEOကတော်ဖြစ်စရာလား၊CEOရဲ့ယောကျာ်းကွ"

"မင်းပြောလေကဲလေ ခွေးသား"ဟုပြောကာ အကြောင်းမရှိအကြောင်းရှာပြီးသူငယ်ချင်းနှစ်ယောက်လုံးနေကြသည်မို့ ဘယ်နားကFourthနဲ့Winnyမှာဝင်ဆွဲရသည်။

ထို့နောက်နှစ်တွဲလုံးဆိုဖာခုံတွေပေါ်တွင်မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

"အဟမ်း ဆိုတော့FourthကGeminiကိုလက်ခံတယ်ပေါ့"

"ဟုတ်"

"CEOဒီလိုကောင်ကို လက်မခံနဲ့"

"အောင်မာ မင်းကသူ့အဖေလား၊သူတောင်လက်ခံတာကို"

"ငါအကူညီတောင်းပေးလို့ ဒီိလိုအခြေအနေရောက်တာနော်၊ကျေးဇူးရှင်ကိုမစော်ကားနဲ့မြေမျိုမယ်"

သူပြောတာလည်း ဟုတ်နေတာမလို့ Gemini တစ်ယောက်ငြိမ်ကုပ်သွားသည်။

"ကဲကဲ ထားပါ ဘာဘဲဖြစ်ဖြစ် ConCon နော် Fourthငါတို့ကောင်ကြီးကိုစောင့်ရှောက်ပေးဦး"

"ဟုတ် P'Winny"

"အေးမင်းလည်းဘဲ Gemini CEOကောင်လေးဆိုပြီးကုမ္ပဏီမှာ ငါ့ရည်းစားကိုအနိုင်မကျင့်နဲ့"

"လက်ဖျားနဲ့တောင်မထိဘူး"

"ငါကအထိခံမယ်လို့ထင်လို့လား"

သူငယ်ချင်းနှစ်ယောက်ရန်ဖြစ်နေတာကိုထိုင်ကြည့်ရင်းလေးယောက်သားရီရီမောမောဖြင့်အချိန်ဖြုန်းခဲ့ကြသည်။

CEO's boyfriendWhere stories live. Discover now