CEOသေးသေးလေးသည် စွာသည်။စည်းကမ်းကြီးသည်။သိုပေမဲ့သူသည် ဝန်ထမ်းတွေကိုဂရုစိုက်၏။နေ့လည်စာစားချိန်ဆို ငါတို့နဲ့သာအတူတူစား၏။နားချိန်တွေမှာလဲ ငါတို့နဲ့သာအချိန်ဖြုန်းသည်။
ထိုကလေးသည် အသက်ရွယ်အားဖြင့်ငယ်လွန်းသည်။သို့ပေမဲ့ အလုပ်လုပ်ရာတွင် စည်းစနစ်ကျကျလုပ်တတ်သည်။
ကျန်တဲ့နေရာမှာ ဝန်ထမ်းတွေနဲ့ တရင်းတနှီးနေပေမဲ့ အလုပ်ချိန်မှာသူမရ။ထိုအချိန်များတွင်သိပ်ကိုတင်းကြပ်သည်။
ဒါလည်း ငါ့အတွက်အဆင်ပြေသည်။ငါသည် အစသန်သည်သူဆိုပေမဲ့ အလုပ်မှာပေါ့ပျက်ပျက်လုပ်တဲ့သူမဟုတ်။ထိုကဲ့သို့ ပေါ့ပျက်ပျက်လုပ်တတ်သူတွေလည်း ငါမကြိုက်။ထိုကြောင့်အလုပ်ချိန်ဆို ငါသည် အာရုံစူးစိုက်ကာ ကြိုးစားလုက်လေ့ရှိသည်။
ထိုကြောင့် အလုပ်ချိန်တွေမှာဆို ကုမ္ပဏီပိုင်ရှင်လေး၏ချီးကျူးစကားအမြဲကြားရသည်။
ကျန်တဲ့အချိန်တွေမှာတော့ အသံစွာစွာလေးနဲ့ ဒေါသသံနည်းနည်းပါတဲ့ ချစ်စရာကောင်းတဲ့အသံမျိုးလေးဘဲကြားရသည်။
ထိုကလေးကို ငါအမြဲစနေတတ်သည်။ကုမ္ပဏီကလူတိုင်းငါတို့စကားများနေတာကို ဝင်တားဖူးတဲ့အထိပင်။
CEOလေးသည် ငါ့မျက်လုံးထဲတွင် တစ်နေ့ထက်တစ်နေ့ပိုမိုချစ်စရာကောင်းလာသည်။စွာစိလန်လေးတွေအများကြီးနဲ့ တွေ့ဖူးပေမဲ့ ဒီကလေးလေးကတော့ဘယ်သူနဲ့မှမတူ။ပိုချစ်စရာကောင်းသည်။
ကုမ္ပဏီကအလုပ်တွေကို လုပ်လိုက် CEO လေးစလိုက်ဖြင့် ငါ့ဘဝလေးကသာသာယာယာပင်။အခုဆိုသတ်မှတ်ကာလပင်မရောက်သေး ငါသည်အမြဲတမ်းဝန်ထမ်းတစ်ဦးတောင်ဖြစ်နေပြီလေ။
"Gemini"
"ဟုတ်ကဲ့"
"ဒီနေ့ အလုပ်သင် အသစ်တွေရောက်မှာမလို့ ကုမ္ပဏီကိုလိုက်ပြပေးနိုင်မလား"
"ဗျာ အသစ်တွေလား"
"ဟုတ်တယ် Phiကိုကူညီဦးနော်"
"ဟုတ်"
P'Milk။ငါ့ရဲ့ စီနီယာလေ။ငါရဲ့အလုပ်တွေကိုသင်ပေးတဲ့သူဆိုလဲမမှားဘူး။
YOU ARE READING
CEO's boyfriend
Storie d'amoreကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ