Geminiကို မမုန်းပါ။
ငါဖွင့်ပြောတာကို ငါ့ကလေးကလက်ခံသည်တဲ့။တရားဝင်လည်း လိုက်ခွင့်ပေးမယ်တဲ့လေ။
ကလေးလိုက်ခွင့်ပေးကတည်းက အလုပ်ချိန်ကလွဲလို့ကျန်တဲ့အချိန်တွေသည် သူ့ကိုပိုးပန်းရသည်။
ကလေးကသိပ်ဆိုးတာ 20ကျော်အသက်ငယ်ငယ်လေးပီပီ အနိုင်လည်းယူချင်တယ်။တစ်ခါတစ်လေ မိန်းကလေးထက်မူယာမာယာသိပ်များတဲ့ ပေါက်စလေး။ရွဲ့လည်း ရွဲ့တတ်သေး။
အရင်ကသူ့ကိုစိတ်တိုအောင် စခဲ့သမျှအခုငါပြန်ခံရလေပြီလေ။
ပေါက်စသဝန်တိုအောင်သိပ်လုပ်တာ။သဝန်တိုလို့ဖြစ်နေတဲ့ငါ့ရုပ်ကြီးကို သဘောကျလို့တဲ့လေ။
အရင်ကတော့ P'Markနဲ့ နေ့တိုင်းသဝန်မတိုတိုအောင် လာလာဆွတဲ့ကလေးဆိုးလေး။
P'Markမှာ ရည်းစားရှိတာကငါသိသွားတော့ အခုတစ်လော ငါ့သူငယ်ချင်းစောင်းတန်းနဲ့ ငါ့ကိုစနေပြန်တာ။
ဟိုကောင့်မှာရည်းစားရှိတာသိပေမဲ့ ငါ့စိတ်ကိုငါမထိန်းနိုင်ဘဲ ဒေါသတွေအချောင်းလိူက်ထွက်။
ဟိုကောင်ကလည်းငါ့သူငယ်ချင်းမဟုတ်တဲ့အတိုင်း ငါကြိုက်နေတာပါလို့ ပြောတဲ့နေ့ကတည်းက ဟိုကလေးနဲ့ပေါင်းပြီးငါ့ကိုပိူသဝန်တိုအောင်လုပ်နေသည်တဲ့။ခက်ရချည်ရဲ့ဗျာ။
ညဘက်တွေဆို လွမ်းလို့ဖုန်းခေါ်ရင်တော်တော်နဲ့မကိုင်ဘူး။အနည်းဆူံးဆယ်ခါလောက်ခေါ်မှကိုင်တာ။
သူမအားဘူးလားဆိုပြီး 3ခါလောက်ဘဲခေါ်ပြီးထားထားမိရင် massageမှာ Angry အီမိုဂျီလေး ပို့တတ်တယ်။ဒီလောက်လေးတောင်စိတ်မရှည်ဘူးဆိုတဲ့ ပုံစံလေး။
သိပ်ကိုလည်းဆိုး သိပ်ကိုလည်း ချစ်စရာကောင်းပေါ့ဗျာ။
ဟော အခုလည်းကြည့် ငါဝယ်ပေးထားတဲ့မနက်စာကို Satangကို ကျွေးပစ်လေရဲ့။
ငါ့ကိုမြင်တော့ လျှာထုတ်ပြီးပြောင်သွားလေရဲ့။ကြည့်နေပါ ရည်းစားဖြစ်တဲ့နေကျမှ ပြန်ပြီး အပြစ်ပေးပြမယ်။
__________________________________
Geminiက လူလည်ကြီး။ငါ့ကိုလိုက်မယ်ပြောပြီး သူ့ရည်းစားလိုဘဲ။

YOU ARE READING
CEO's boyfriend
Romantizmကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ