Geminiဖိတ်စာမြင်ပြီးပြီးချင်း မေ့လဲသွားကာခဏအကြာမှရုံးကလူတွေနဲ့လှုပ်နှိုးသံအော်ခေါ်သံတွေနဲ့အတူသတိရလာသည်။
သတိရလာပြီးပြီးချင်း Gemini သည်ဝမ်းနည်းနေရမည့်အစားသူ့မျက်လုံးထောင့်တွေနီလာကာအကြောင်တွေထောင်လာမို့ ဒေါသထွက်နေမှန်းသိလိုက်သည်။
"Gemini မင်းအဆင်ပြေရဲ့လား"
Geminiဘက်ကနှုတ်ဆိတ်နေသည်။သူ့အသားတွေပါတုန်လာသည်။
"Gemi....
"ဖိတ်စာထဲမှာပွဲကဘယ်နေ့လဲ"
"မနက်ဖြန်"
Gemini တစ်ယောက်အားလုံးရဲ့ခေါ်သံတွေကိုလျစ်လျူရှုကာထ ထွက်သွားသည်။
ထို့နောက်ကားပါကင်ရှိရာဆီလျှောက်လာကာသူ့ကားပေါ်တွင်ထိုင်၍တစ်စုံတစ်ယောက်ဆီဖုန်းဆက်သည်။
"ဟုတ် Boss"
"ငါမနက်ဖြန်ဂိုဏ်းထဲကလူအယောက်50လိုတယ်"
"ဟုတ် ကျွန်တော်စီစဥ်ထားပါ့မယ်"
မင်းမဂ်ဆောင်ကို ကိုယ်ရအောင်ဖြတ်ပြီးမင်းကိုအပါခေါ်လာမှာ Nattawat!ဟုရေရွတ်ကာကားကိုတဟုန်ထိုးမောင်းထွက်သွားသည်။
သူနေတဲ့ကွန်ဒိုအစား စံအိမ်ကဲ့သို့ခမ်းနားလှသည့်နေရာတစ်ခုကိုရောက်လာသည်။
စံအိမ်ရှေ့တွင်ကားထိုးကာ ဒေါသထွက်နေသည့်လူတစ်ယောက်ကားပေါ်မှဆင်းလာသည်။
ထို့နောက် အိပ်ခန်းရှိရာကိုခပ်ကြဲကြဲခြေလှမ်းတွေဖြင့်လျှောက်သွားသည်။
အိပ်ခန်းထဲရောက်သည့်အခါထိုလူသည်ပေါက်ကွဲထွက်သွားသည်ဗုံးတစ်လုံးပမာသောင်းကျန်းသည်။
"Nattawat မင်းကိုယ်ကိုလှည့်စားရက်လှချည်လား။ကုမ္ပဏီရောက်လာတာတစ်ခြားကြောင့်ဆိုပေမဲ့ ကိုယ်ဆက်နေနေတာမင်းကြောင့်။"
"ချစ်လွန်းလို့ ကိုယ်မင်းအတွက်ပြောင်းလဲပေးခဲ့တာတောင်မင်းဒီလို...."
Gemini သည်မျက်ရည်များပင်ကျလာရသည်။
အခန်းထဲမှာပေါက်ကွဲနေတုန်း ဖုန်းလာနေသည့်အသံကြောင့်ကိုင်လိုက်သည်။
YOU ARE READING
CEO's boyfriend
Roman d'amourကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ