ခွန်ကသိပ်ကိုကလေးဆန်တာဘဲ။
တုန်ချင်ယောင်ဆောင်နေတဲ့ကိုယ်ကိုဖက်ပြီးFourthတစ်ယောက်အိပ်ပျော်သွားသည်။
သူ့ရင်ခွင်ထဲကGeminiသည်လည်း အနွေးဓာတ်လေးဖြင့်ခဏတာမှေးလိုက်သည်။
မကြာခင်ဘဲ Geminiနိုးလာခဲ့သည်။
ငါနိုးတော့ပေါက်စအိပ်တုန်းပင်။ငါသိုင်းဖက်ထားတဲကျောပြင်လေးမှာချွေးတွေရွှဲလို့။
ငါအေးနေလို့အဲကွန်းပိတ်ပေးထားတာထင်ပါရဲ့။ချွေးထွက်သန်တဲ့ကလေးမလို့တစ်ခုခုဖြစ်သွားမှာစိတ်ပူရသည်။
ငါလည်းသက်သာသလိုရှိတာကြောင့် သူမနိုးအောင်ဖြေးဖြေးလေးထလိုက်သည်။ထို့နောက်ချွေးတွေစိုရွှဲနေတဲ့ကိုယ်လေးကို သုတ်ပေးပြီးငါ့အကျီတစ်ထည်ဝတ်ပေးလိုက်သည်။အဲကွန်းကိုလည်းဖွင့်ပေးထားရသည်။
နေ့လည်လည်းရောက်လာပြီမလို့ နေလည်စာပြင်ရန်သာအခန်းထဲကထွက်လာလိုက်သည်။
Satangပြောသလိုပင်တစ်မနက်တည်းနဲ့ရောဂါဟာပျောက်လုနီးပါးမလို့ ငါရီမိသွားသည်။အချစ်ရဲ့စွမ်းအားတွေ။
ငါလည်း ရှောက်တွေးနေကာဟင်းချက်နေလိုက်သည်။ငါ့ကလေးနိုးတဲ့အချိန်အဆင်သင့်ဖြစ်ဖို့လိုတယ်။
"Gemini~"
ငါဟင်းချက်နေတုန်းငါ့အခန်းထဲကအသံသေးသေးလေးကိုကြားတာမလို့ယောင်းမကြီးကိုင်ကာအပြေးသွားရသည်။
အခန်းထဲရောက်တောခုတင်ပေါ်မှာထိုင်နေတဲလူကြီးပေါက်စလေး။
"ဘာဖြစ်လို့လဲ Fourth"
"ခွန်ကဘာလုပ်နေတာလဲ"
"နေ့လည်စာပြင်နေတာလေ"
"နေမကောင်းတာကိုဘာလို့လုပ်နေတာလဲ ပေးပေးကျွန်တော်လုပ်မယ်"
"ကိုယ်ဘဲလုပ်ပါ့မယ်နားနားနေနေ နေနော်"
"အောင်း ကျွန်တော်ကလူနာကိုလာပြုစုတာလေ ဘာလို့နားနားနေနေ နေရမှာလဲ"
"ဒါမဲ့"
"ဒါမဲ့ဆိုတာမရှိဘူး ကျွန်တော်လုပ်မယ်ကျွန်တော့ကိုပေး"
YOU ARE READING
CEO's boyfriend
Romantizmကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ