ည8နာရီလောက်မှာ PhuwinထံFotမှဖုန်းဝင်လာသည်မို့ကိုင်လိုက်သည်။
"Phi...ဟင့်"
"Fourthဘာဖြစ်တာလဲ"
"ဟင့်....
"Fourth Phiကိုပြောလေဘာဖြစ်တာလဲလို့"
"Daddyက ဟင့်...ကျွန်တော့်ကို Yimနဲ့...ဟင့်..အတင်းလက်ထက်ခိုင်းတယ်"
Phuwinတစ်ဖက်မှရှိုက်သံလေးတွေပါကြားနေရသည်။
"ဟင် ဘယ်လိုဖြစ်ရတာလဲ"
Fourth တစ်ယောက်အကြောင်းစုံရှင်းပြရသည်။
"Gemini ကိုကောပြောပြီးပြီလား"
"Gemini ကိုမပြောချင်ဘူးPhiသူနဲ့အခုမှရည်းစားဖြစ်တာလေ ကျွန်တော်သူ့ကိုဒီကိစ္စတွေပြောလိုက်ရင်သူခံစားသွားရမှာပေါ့"
"အဲ့လိုမရဘူးFourth Phiပြောတယ်မလားအတူတူရင်ဆိုင်ရမှာလို့"
"Phi Gemini ကိုပြောလိုက်မယ်"
"မလုပ်ပါနဲ့Phi သူသိသွားရင်ကျွန်တော့်ကိုလက်လွှတ်ခံမှာမဟုတ်ဘူး အဲ့ကျDaddyနဲ့ပြဿနာဖြစ်ရင်သူ့အတွက်စိုးရိမ်တယ်"
"အဲ့ဆို Fourth ကရှောင်ပြေးတော့မလို့လား"
"ကျွန်တော်မသိဘူးPhi"
"Fourth Phiပြောတာကိုသေချာနားထောင် တကယ်လို့Geminiနဲ့မခွဲနိုင်ဘူးဆို Fourth စွန့်စားရလိမ့်မယ် Phiတို့ကအစွမ်းကုန်ကူညီပေးမယ်အဲ့ဒါကြောင့်ဒီကိစ္စကိုGeminiသိဖို့လိုတယ်"
"ကျွန်တော်မလုပ်နိုင်ဘူး Phiသူ့အသက်အန္တရာယ်နဲ့ခြိမ်းခြောက်ခံထားရတာ Daddyအကြောင်းကိုကျွန်တော်သိတယ်Phiကျွန်တော်ထွက်သွားလည်းသူ့လက်ကမလွတ်ဘူး အဲ့ကျသူက ကိုကို့ကိုသတ်မှာ"
"ကျွန်တော်သေကွဲမကွဲချင်ဘူး Phi"
"Fourth ရယ်....."
"ကျွန်တော်လက်ခံပြီးသွားပြီ Phi ကျွန်တော့်ကိုတစ်ခုဘဲကူညီပါ ဒီကိစ္စကိုGeminiကိုလုံးဝမပြောပါနဲ့"
"သူမုန်းသွားမှာကိုFourthခံနိုင်တယ်လား"
"ကျွန်တော့်သူ့ကိုရှောင်နေမှာ"
"သူပျော်မယ်ထင်လား"
"သူ့အသက်ကပိုအရေးကြီးတယ်Phi"
YOU ARE READING
CEO's boyfriend
Romanceကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ