ဖျားရတာတန်လိုက်တာ!!!(Gemini)
စနေ တနဂ်နွေရုံးပိတ်ရက်ဆိုတာ သူများတွေအတွက်အားလပ်ရက်တစ်ခုပျော်ရွှင်စရာရက်တွေပေါ့။ဒါပေမဲ့ငါ့အတွက်မဟုတ်ခဲ့။
ရုံးနဲ့အိမ်ဘဲသွားလိုက်ပြန်လိုက်လုပ်တတ်တဲ့ အတွက်သူငယ်ချင်းတွေဆိုတာငါ့မှာမရှိ။တစ်ဦးတည်းသောသားဖြစ်သည့်ငါက မောင်နှမအဖော်လည်းမရှိခဲ့။
ရုံးကလူတွေသည်သာ သူငယ်ချင်း၊မောင်နှမ သူတို့မရှိလျှင်ငါသည်တစ်ယောက်တည်းအထိီးကျန်သည်။
ထို့ကြောင့် ရုံးကလူတွေနှင့် ခွဲရသည့် စနေတနဂ်နွေသည် ငါ့အတွက်လုံးဝပျော်စရာမရှိခဲ့။
ဟောအခုလည်း ပျော်စရာမရှိတဲ့ဒီိလိုနေ့တွေကိုအစောကြီးနိုးလာသည်။ငါ့ကိုအစောကြီးကတည်းက အထီးကျန်စေချင်နေတဲ့ပုံ။
ပြန်အိပ်ဖို့ ကြိုးစားပေမဲ့မရတာကြောင့် ရေချိုးရန်သာလုပ်ရသည်။
ဟူးး ငါ့အသက်ရွယ်နှင့် ဒီလောက်ထိရင့်ကျက်ဖို့မလိုသေးဘူးလို့တွေးမိသား။
တစ်ဖက်မှာတော့ Geminiတစ်ယောက်အဖျားပြင်းကာတစ်ကိုယ်လုံးကိုက်ခဲ၍နိုးလာရသည်။
ငါမနေ့ညက ဖျားချင်သလိုဖြစ်နေတာမလို့ ဆေးသောက်ပြီးမှအိပ်ခဲ့ပေမဲ့ မနက်ရောက်တော့မသက်သာ။
အဲကွန်းခန်းထဲမှာ coatချွတ်ပြီးတီရှပ်တစ်ထည် နှင့်အိပ်ခဲ့မိတဲ့ကိုယ့်ကိုယ်ကိုယ်သာအပြစ်တင်ရမည်။
အခုတော့ စနေတနဂ်နွေမို့ အပြင်ထွက်ကာကဲမဲ့အစီစဥ်အကုန်ပျက်ရပြီ။
ငါမနက်စာစားပြီး ဆေးသောက်ရမည်ဟုတွေးကာ ထလိုက်သော်လည်း ခေါင်းတွေမူးလာသည်။
ငါထတောင်မထနိုင်တော့။တစ်ယောက်တည်းနေတဲ့သူမလို့ ဒီအခြေအနေတွင် လုံးဝအကျပ်ရိုက်ရသည်။
"📞📞📞"
"ဟယ်လို"
"ဟျောင့် Geminiငါနဲ့ Satangအပြင်သွားမလို့ လိုက်ဦးမလား"
"တော်ပြီငါဖျားနေလို့ထတောင်မထနိုင်ဘူး"
"ဟမ် ဟုတ်လား ငါတို့လာရမလား"

YOU ARE READING
CEO's boyfriend
Romanceကျွန်တော့် CEOလေးက စွာတေးလန်သလိုသိပ်ကိုစည်းကမ်းကြီးတဲ့ ကလေးသေးသေးဗျ