Part 10

873 65 11
                                    

မနက်ခင်းမှာအလန်းသံကြောင့်ငါနိုးလာသည်။

ရုံးသွားရမှာဖြစ်သည့်အတွက်ငါအိပ်ယာပေါ်မှထကာရေချိူးခန်းဝင်လိုက်သည်။

မနက်ခင်းနည်းနည်းစောသေးတာမလို့ အေးသဖြင့်ရေနွေးငွေ့ငွေ့ဖြင့်ရေချိူးလိုက်သည်။

ထို့နောက်ရေချိူးခန်းကထွက်တော့ နိုးနေတဲ့ Jumuကိုတွေ့တာကြောင့်မှူလိုက်ကာအဝတ်စားလဲလိုက်သည်။

Jumuလေးကိုပိုက်ပြီး အိမ်ကအလုပ်သမားများကိုအစာကျွေးထားရန်နှင့် စောင့်ရှောက်ထားရန်မှာကာ ရုံးကိုကားမောင်းထွက်လာလိုက်သည်။

ကားထဲတွင် မနေ့ကအကြောင်းများကိုပြန်တွေးကာငါပြုံးဖြီးဖြီးပင်။မယုံနိုင်စရာပင် ငါအမြင်ကပ်ခဲ့တဲ့သူက ငါ့ရည်းစားဖြစ်လာသည်လို့။

ဘာဘဲဖြစ်ဖြစ်ငါသူ့ကိုသဘောကျရုံလဲဘဲမှမဟုတ်တာ။ချစ်သည်။ငါ့ကိုစနေတာကိုစိတ်ရှုပ်တယ်ထင်ရမယ်ဒါကတကယ်ငါ့ကိုပျော်စေတယ်ဆိုတာသိကတည်းငါသူ့ကိုချစ်မိနေခဲ့တာ။

ငါအတွေးပေါင်းစုံဖြင့်ရုံးသို့ရောက်လာသည်။

ရုံးထဲဝင်ဝင်ချင်း နှင်းဆီပန်းအနီတစ်စည်းဖြင့် ကိုကိုငါ့ကိုစောင့်နေတာကိုမြင်တော့ ငါပျော်သွားသည်။

"Morning Baby!"

"Morning"

"ရော့ Fourthအတွက်"

"ကိုကို ကျွန်တော်ယောကျာ်းလေးလို့ဘာလို့နေတိုင်းပန်းတွေပေးတာတုန်း"

"ယောကျာ်းလေးကိုပန်းမပေးရဘူးလို့ထုတ်ထားတဲ့ဥပဒေရှိလား"

ငါလည်းပြုံးကာခေါင်းကိုခါရမ်းပြလိုက်သည်။

"ပြောထားတာမမေ့နဲ့နော်"

"ဘာလဲ"

"Dateဆိုတဲ့ကိစ္စ"

"ကျွန်တော်မမေ့ပါဘူးကိုကိုရဲ့"

"အဲ့ဆို ကိုယ်စောင့်နေမယ်"ဆိုကာ နှာဖူးကိုနူးနူးညံ့ညံ့လေးနမ်းသွားကာ ထွက်သွားသည်။

ဒီလူတော့ရုံးထဲမှာဆိုတာကိုတောင် သတိရသေးနဲ့လားမသိဘူး"

ငါလည်းရုံးခန်းထဲကိုဝင်ကာ ပန်းစည်းကိုဘေး၌ချ၍ အလုပ်စားပွဲတွင်ဝင်ထိုင်ရင်းအလုပ်တွေလုပ်နေသည်။

CEO's boyfriendWhere stories live. Discover now