Part 8

444 54 5
                                    

ငါGeminiရင်ခွင်ထဲမှာခဏလောက်နေပေးလိုက်သည်။ထို့နောက်သူလွှတ်ပေးတော့ မနက်စာချက်ရန်ထွက်လာလိုက်သည်။

သူလုပ်ပေးမယ်ပြောနေသော်လည်း အခုမှနေကောင်းသက်သာထားတဲ့သူမလို့ငါမထိခိုင်း။

ဒါကိုသူကြည်ကြည်ဖြူဖြူလက်ခံသည်။

မနက်စာစားပြီး ငါတို့စကားအတော်အသင့်ပြောဖြစ်ကြတယ်။

"Fourth ပျင်းလား"

"နည်းနည်းပေါ့ ဘာလို့လဲခွန်"

"ကိုယ်မနေ့ကပြောထားတာ ကိုယ်နဲ့တစ်နေရာလိုက်ခဲ့မလား"

"ဟင်ဘယ်ကိုလဲ"

"တိုက်အောက်နားလေးဘဲ"

"အဲ့ဆိုသွားတာပေါ့ ခွန်အနွေးထည်ဝတ်ခဲ့နော် လေစိမ်းတိုက်ရင် ပြန်နေမကောင်းဖြစ်ဦးမယ်"

Geminiတစ်ယောက်သူ့ကလေးကအရမ်းဂရုစိုက်ပေးတာမလို့ပြုံးဖြီးနေတော့သည်။

"ဟုတ်ပါပြီဗျာ ဝတ်ခဲ့မယ်နော်"

Gemini တစ်ယောက်အနွေးထည်တစ်ထည်ကိုကောက်ဝတ်ကာသူတို့နှစ်ယောက်လည်း တိုက်အောက်ကိုဆင်းလာခဲ့ကြသည်။

တိုက်အောက်ရောက်လာတော့ GeminiကFourthကိုလမ်းကြားလေးတစ်ခုထဲကိုခေါ်လာသည်။

Fourth သည် Geminiခေါ်ရာကိုဘာကိုမပြောဘဲလိုက်လာသည်။

လမ်းကြားလေးမလို့ လူပျက်သည်။နေ့ခင်းဘက်ကြီးမလို့ဘာမှတော့မဖြစ်ပေ။

လမ်းရဲ့တစ်နေရာရောက်တော့ Gemini ရပ်လိုက်သည်။

"ခွန် ဒီလမ်းကြားထဲမှာ ဘာပြစရာရှိလို့လဲ"

"ရှူးးးး ခဏ"

Fourth တစ်ယောက်Gemini၏စကားကြားတော့ခဏတာတိတ်ဆိတ်လိုက်ကာဟိုကြည့်ဒီ
ကြည့်လုပ်နေသည်။

ထို့နောက်"မြှောင်"ဆိုသည့်အသံနှင့်အတူ Gemini ၏လက်ပေါ်တွင် မျက်လုံး​ပြာပြာနှင့်ကြောင်အဖြူလေးတစ်ကောင်ကိုတွေ့လိုက်ရသည်။

ကြောင်လေးတွေကိုတအားချစ်သည့် Fourth အတွက် ကြောင်လေးသည်တအားကိုနှစ်လိုဖွယ်ကောင်းသည်။

Gemini၏လက်ပေါ်တွင် ပွတ်သတ်ပေးမှူကို ကျေနပ်သလိုမျိုးလုပ်နေတဲ့ကြောင်လေးကိုFotFotတစ်ယောက်အသည်းယားလာသည်။

CEO's boyfriendWhere stories live. Discover now