Episode-3

270 41 2
                                    

မျက်လုံးစဖွင့်လိုက်တာနဲ့အလင်းဖျော့ဖျော့က မျက်နှာကိုလာရိုက်ခက်တာမို့ အလင်းဖျော့ဖျော့ရဲ့လားရာကိုကြည့်လိုက်မိတယ်။အမ ဟာရင်းအိမ်ကိုရောက်နေတာဒီနေ့နဲ့ဆို 2 ရက်ရှိပြီ။ဒီနေ့သူ့ရီးစားရောက်မယ်လေ။ဘာပဲဖြစ်ဖြစ်ကိုယ့်မှာရီးစားမရှိလေတော့ သူ့ရီးစားနဲ့ဆိုရိုမယ်ဆိုတာသိထားတဲ့အတွက် ကုမ္ပဏီကိုပဲစောစောသွားဖို့ဆုံးဖြတ်လိုက်တယ်။အခန်းပြင်ထွက်တောအဝတ်အစားသန့်သန့်ပြန့်ပြန့်ဝတ်ထားတဲ့အမကိုတွေ့လိုက်တယ်။

'ဟင် အမဘယ်သွားမလို့လဲ'

တိုက်ခန်းအပေါက်ဝတောင် ရောက်နေပြီဖြစ်တဲ့အမကို ဟာရင်းသိချင်စိတ်နဲ့လှမ်းမေးလိုက်တယ်။သိချင်ရုံပဲလေ ဟာရင်းကိစ္စမဟုတ်ပေမဲ့ပေါ့။

'ငါ့အချစ်ကိုသွားကြိုမလို့ အဲ့မှာမနက်စာပြင်ထာတယ်စားလိုက်'

ပြန်ပြောချိန်တောင်မရလိုက်အခန်းပြင်ထွက်သွားတဲ့အမကိုကြည့်ပြီး ဟာရင်းခေါင်းကိုသာခါလိုက်တယ်။အချစ်ရူး။အင်ပေါ့လေ ကိုယ့်မှာမှမရှိဘဲ ရှိလို့ကတော့လိုက်မမှီအောင်ချစ်ပြမယ်။အစားကိုတော့ မြန်မြန်စားမှဖြစ်မယ် မဟုတ်ရင် ရုံးချိန်မမှန်ဘူးလေးဘာလေး ပြောတော့မယ်။ရုံးမှာကပါးစပ်ပေါက်တွေကများလွန်တော့ လိုက်ပိတ်ရမှာကပြင်းစရာကောင်းတယ်လေ။ပြီးတော့ ဘာဖြစ်လို့ဂရုစိုက်ရမှာလဲကုမ္ပဏီမှာ ဟာရင်းကဥက္ကဌလေ။ဒါပေမဲ့ သီးခံနိုင်စွမ်းမကောင်းလေတော့ တစ်ခုခုပြောတာကြားရင် ဒေါသထွက်လာရော။

'သူဌေးဒီမှာ ထုတ်လုပ်ရေးဌာနချုပ်က အလုပ်ထုပ်လိုက်တဲ့လူတွေနေရာမှာ အစားထားတဲ့လူစရင်းပါ အကုန်လုံးတော်ကြပါတယ် သူဌေး'

'အင်းတင်ထားလိုက်'

တစ်နေ့ကုန်ရုံးအလုပ်နဲ့ပဲလုံးပန်းနေရတာဟာ ဥက္ကဌတိုင်းတော့မဟုတ်ပါဘူး။ဟာရင်းကကိုယ့်ကိုကိုယ် ပညာမစုံးသေးဘူးလို့သတ်မှတ်ထားတာကြောင့်သာ တော်ရုံတန်ရုံးကိစ္စတွေကအစသင်ယူမဲ့စိတ်နဲ့ သိမ်းကျုံးလုပ်နေတာပါ။စာပွဲပေါ်မှာတင်ထားတဲ့ ဖိုင်တွေကိုတော့ဟာရင်းမကြည့်လိုက်တော့။ဟာရင်းရဲ့ အတွင်းရေးမှူးအဖွဲ့က ရုံရတာကြောင့်သူ့တို့အကုန်စီစဥ်ထားတာမို့ လှည့်ကြည့်စရာမလိုပါဘူး။

Butterflies (Ongoing)Where stories live. Discover now