Episode -10

226 36 6
                                    

ဒိုအာကျောင်းတက်တာ အခုဆို ၃ ရက်ရှိပြီ။သူငယ်ချင်းအသစ်တွေလည်း ရလိုက်သည်။အကုန်လုံးဒိုအာ ကိုလာမိတ်ဖွဲ့ကြတာချည်းပဲ။အင်းလေဒိုအာက မဲနှိုက်ချက်အရအတန်းရဲ့ အတန်းခေါင်းဆောင်တာဝန်ကိုယူရတာကို။ private ကျောင်းပေမဲ့ မိန်းကလေးသီးသန့်ကျောင်းတော့မဟုတ်။အထက်တန်းကျောင်းဖြစ်လို့ အထက်တန်းပထမနှစ်၊ဒုတိယနှစ်၊တတိယနှစ် တွေကလွဲရင် အလယ်တန်းအပါအဝင်အခြားအတန်းကြီးများကိုမြင်နိုင်မည်မဟုတ်။

ဒိုအာကတော့ ထုံးဆန်အတိုင်း စာလုပ်နေပါတယ်။ဘေးမှာထိုင်တဲ့ မိန်းကလေးနှစ်ယောက်ကတော့စကားတွေဖောင်ဖွဲ့လို့။အတန်းချိန်ကလဲ ဝေးသေးတာကြောင့် အတန်းထဲမှာလူတော့မစုံသေးဘူး။

'ဒိုအာရေ webtoon မှာဇာတ်လမ်းတစ်ပုဒ်ဆွဲနေတယ်သိလား အဲ့တာနင်လည်းဖတ်ကြည့်ပါလား'

'အင်း နင်ဆွဲတဲ့ဇာတ်လမ်းကပေါ့ပေါ့ပဲပဲတော့မဟုတ်ပါဘူးနော် ငါနင့်ကိုပြောပြမယ် အခုနင်ပုံမပါတဲ့ဇာတ်လမ်းတစ်ပုဒ်ရေးနေတယ်ပဲထား ဘယ်လိုပြောရမလဲ novel တစ်ပုဒ်ရေနေတယ်ပေါ့ အဲ့တာဆိုရင် စကားပြောတဲ့အခန်းလေးတွေရေးမယ် ဇာတ်လမ်းအကြောင်းအရာတွေရေးမယ် သာမန်စဥ်စားထားသမျှလေးနဲ့မရဘူးဟ ဒါနဲ့ ဒီဇာတ်လမ်းကို ပြီးတဲ့အထိအပ်မယ်ဆိုတဲ့အတွေးမျိုးနင့်မှာရှိပါတယ်နော် ဇာတ်လမ်းတစ်ပုဒ်ကိုမအပ်ပဲ အချိန်အကြာကြီး ဥပမာ ၁ လ ၂ လ ထက်အလွန်ပေါ့ အကြောင်းအရင်းမပြောဘဲ ဆက်မရေးတာက စာဖတ်သူတွေအပေါ်ယဥ်ကျေးရာမရောက်ဘူးလေ'

'အင်း'

'မအင်းနဲ့ တကယ်ပြောတာ အကြောင်းအရာနဲ့ စကားပြောခန်းလေးတွေရေးရုံနဲ့တော့ ဇာတ်လမ်းဖြစ်မလာဘူး ဘယ်လိုမျိုးလဲတော့ လာမမေးနဲ့ငါက စာရေးဆရာမှမဟုတ်တာ သိချင်ရင်တော့စာပေများများဖတ်'

'နင်ပြောတာလဲဟုတ်ပါတယ် ဒါကေမဲ့ငါက webtoon ရေးတာဆိုတော့'

'အဲ့တာရေးဖို့ကို နင်ဇာတ်ကြောင်းကိုအရင်စဥ်းစားရမယ်လေ အခုခေတ်မှာက လူတိုင်းနီးပါ ဇာတ်လမ်းရေးနိုင်ကြတယ် အောင်မြင်ဖို့တော့မလွယ်ဘူး ပြီးတော့ဇာတ်လမ်းကောင်းကောင်းလည်းမထွက်နိုင်ဘူး ခုနကပြောသလိုပါပဲ ဇာတ်လမ်းကရေးချင်းတိုင်းရေးလို့ရပေမဲ့ နင်ဇာတ်လမ်းကောင်းမကောင်းကို စာဖတ်ပရိတ်သတ်တွေပဲသိလိမ့်မယ် နင်ကိုလူတွေကကောင်းတယ်လို့ချီးကျူးမယ် ဒါပေါ့ နင်ပျော်မယ် လူအချို့ကတော့ နင့်ဇာတ်လမ်းမကောင်းဘူးပြောမယ် ကိုယ်တိုင်လာပြောချင်မှပြောလိမ့်မယ် အင်းလေ နင်ဇာတ်လမ်းမကောင်းတာကြီးကိုရေးရင် စာဖတ်ပရိတ်သတ်အချို့ကအထင်သေးကောင်းသေးနိုင်တယ် ထုပ်ပြောမှာတော့မဟုတ်ဘူး သိတဲ့အတိုင်းပဲ ထုပ်ပြောရင်တစ်ချို့တစ်ချို့ကိစ္စတွေဖြစ်လာနိုင်တယ်လေ အမယ်လေးမောလိုက်တာ'

Butterflies (Ongoing)Where stories live. Discover now