'ကျစ် အလောက်ထိလုပ်ရလားဟ နင်လုပ်လို့ ငါရဲ့ ဖွင့်ပြောမဲ့အစီအစဥ်လေးနောက်ဆုတ်လိုက်ရပြီ'
'ဟ အလိုလုပ်မှ ရမှာပေါ့'
'ငါသတိပေးရဲ့သားနဲ့နင်နော် နင်ပြောတော့ ဟိုဟာမလုပ်ဘူးဆို'
'နင်ကလည်း ဒီကိစ္စကမလုပ်လို့မဖြစ်ဘူးလေ'
'ထားပါတော့ နောက်တစ်ခါကိုအဲ့လောက်မလုပ်နဲ့ကြားလား'
'ငါလည် စင်စင်ကျင်ကျင် လုပ်တာပဲလေ'
ဖုန်းချလိုက်သည်နှင့် ဒါအားသက်ပြင်းခက်ဖြေးဖြေးလေးချလိုက်သည်။
'ဘာဖြစ်တာလဲ ဒါအား'အမရဲ့ အမေးစကားကို ဒါအားစိတ်ပျက်ပျက်နဲ့ပဲပြန်ဖြေလိုက်ရတယ်။ဆောဒိုအာလုပ်လို့ ဒါအား ဆူဂျီကိုဖွင့်ပြောမဲ့အစီအစဥ်လေးနောက်ဆုတ်လိုက်ရပြီ။ဖိမလုပ်ဖို့ပြောရဲ့သားနဲ့ကို။
'ဆောဒိုအာပေါ့ သူ ဆေးရုံက project ကိစ္စတစ်ခုလုပ်စရာရှိလို့တဲ့ အလုပ်ပဲလုပ်နေတယ် အလုပ်ပိုကြိုးစားပြီးတော့ သူ့အားနဲ့ သူ့ဇနီးချောချောလေးကို တင့်တင့်တယ်တယ်ထားမယ်ဆိုပဲကြီးကြီးကျယ်ကျယ်'
'အဲ့တော့ သွားမဲ့ကိစ္စနောက်ဆုတ်လိုက်ရတယ်ပေါ့'
'အွန်း စိတ်ပျက်စရာကြီ သူ့ကိုလေ ဘယ်လိုဖွင့်ပြောရင်လက်ခံလောက်မယ်ထင်လည်း အမက ယောင်းမလေးကို စလိုက်ရတာဆိုတော့ နည်းလမ်းစုံသိမယ် ဟုတ်တယ်မလား'
အမကအတန်ကြာစဥ်းစားဟန်ပြုနေတာမို့ မကူညီပေးဘူးလားဆိုပြီး ဒါအားမှာ မျက်နှာရိပ်လိုက်ကြည့်ရသေးသည်။
'ကူညီပေးမယ်'
ထိုစကားကြားတော့မှ ဒါအားနေသာထိုင်သာရှိသလိုတောင်ဖြစ်သွားတယ်။အမကူရင် 100% မှာ 40% လောက်ကသေချာကိုရမှာ ဘာပဲဖြစ်ဖြစ်နည်းတာမှမဟုတ်ဘဲ။ဒါအား နည်းလမ်းလေးတွေသာပေါင်းလိုက်ရင် မချစ်ရင်တောင် ယုံကြည်မှုလေးတော့ရမှာမလား။
'ကျေးဇူးပါ ရည်းစားရရင် ကျေးဇူးဆပ်ပါ့မယ် ချစ်မမ'
'ဘာတွေပြောနေကြတာလဲ'
တံခါးဖွင့်သံနှင့်အတူ မတိုးမကျယ်အသံက ဘယ်သူအသံမှန်း ကြားနေကြမို့ ဒါအားသိပါသည်။