'အမတို့ကိုဖိတ်စာကမ်းထားတယ်မလား ဒိုအာမင်္ဂလာဆောင်မသွားဘူးလား အမ'
'ဒါအား နင်တို့သူငယ်ချင်းပဲဟာ နင်ဘာသာသွား'
'ဟာ အမကလည်း အမနဲ့လဲသိတာပဲကို မလာရင်စိတ်မကောင်းဖြစ်နေမယ်သွားရအောင် အမကိုပြောပေးအုံးလေယောင်းမလေး'
'မင်္ဂလာဆောင်မလာလို့ စိတ်မကောင်းဖြစ်တယ်ဆိုတာ ဒိုအာတို့ရင်မှာမဖြစ်ဘူးဆိုတာသေချာတယ် ဟုတ်တယ်မလားချစ် သူကပျော်လွန်းလို့ ပြုံးပျော်နေမှာ'
'အင်း wonyoung လေးမှန်တယ်'
'ဒါပေမဲ့ နောက်နေ့ကြမေးရင်ဘယ်လိုလုပ်ရမလဲ'
'နင်ကြည့်ကြပ်ပြောလိုက်ပေါ့'
'ပြီးရော'
ဒိုအာကတော့ တော်တော်ပျော်နေရှာမှာ အထက်တန်းထဲကကြိုက်ခဲ့ရတဲ့လူကို အခုရလိုက်ပြီလေ။ဘာဖြစ်လို့ ဟာရင်းကြတော့ စောစောမသိရတာလဲ။စိတ်ထဲမှာနည်းနည်းဝမ်းနည်းသွားပေမဲ့ မင်္ဂလာဆောင်သွားရမှာမို့ ပြုံသာပြုံးနေလိုက်တယ်။
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️
'ဟာ ဒိုအာကလည်းကွာ'
'သောက်ပါ ဂျာအွန်းရဲ့ ဒီနေ့ကပျော်စရာနေ့ပဲဟာသောက်သောက်'
ဒိုအာကတော့ မင်္ဂလာဆောင်မှာဂျာအွန်းကိုအရက်တွေဖိသောက်ခိုင်းနေပါတယ်။ဂျာအွန်းတစ်ခွက်မော့လိုက်တိုင်း ဒိုအာမျက်နှာမှာ အပြုံးတွေဝေလို့။ဘေးမှာထိုင်နေတဲ့ ယယ်ရင်း၊ဟာရင်းနဲ့ ဆူဂျီကတော့ သူတို့နှစ်ယောက်ကဲ့မျက်နှာကိုတစ်လှည့်စီကြည့်ရင်းအလုပ်ရှုပ်နေလေရဲ့။နောက်ဆုံးတော့ ဟာရင်းမနေနိုင်ပဲ ဒိုအာကိုဆွဲကာ စာပွဲဝိုင်နဲ့ခပ်ဝေးဝေးကို လျှောက်လာလိုက်တယ်။
'ဘာဖြစ်လို့အတင်းတွေဖိသောက်ခိုင်းနေတာလဲ'
'ဟိုမှာမေးလဲရရဲ့သားနဲ့'
'ဟိုမှာမေးရင်နင်ပြောမှာမို့လို့လား'
'မပျော်ဘူး'
'နင်ဟယ် မင်္ဂလာဆောင်တာ သတိုးသားဝတ်စုံကြီးဝတ်ပြီးတော့'
'ဘာလဲကြည့်မကောင်းလို့လား ငါက ဆောလုပ်ငန်းရဲ့ဆက်ခံသူဆိုတော့ အထက်ပုဒ်ကိုယ်မှန်းသိအောင်ဝတ်ထားတာ ဘာပဲဖြစ်ဖြစ်ငါက အောက်ကျမခံတတ်ဘူးဆိုတော့'