ကျောင်းဝန်းတဲ့ စဝင်လိုက်တာနဲ့ အမှိုက်ကောက်သူတွေ ခပ်များများကိုတွေ့ရသည်။ကျောင်းသားတော်တော်များများကောက်နေပေမည့် အကုန်လုံးတော့မဟုတ်။ဒီတက္ကသိုလ်က စဖွင့်တိုင်းအမြဲလုပ်ရသည့်ကျောင်းစည်းကမ်းလို့တော့ ဆရာကပြောထားတာမို့ သိပြီးသားပင်။ဆူဂျီအခန်းထဲသွားရင်း လမ်းတစ်လျှေက်မှာသန့်ရှင်းရေးလုပ်နေသူများက တစ်ပုံတစ်ပင်။ဒီတက္ကသိုလ်စည်းကမ်းကတစ်မျိုးတော့ ထူးဆန်းသည်။
ဆူဂျီအခန်းရှေ့ရောက်တော့ အခန်းကိုတစ်ချက်ဝေ့ကြည့်မိသည်။တံခါးတိုက်နေသူတွေ ကြမ်းတိုက်နေတဲ့သူတွေ ပြတင်းပေါက်မှန်သုတ်နေသူတွေ ကိုကြည့်ရင်း ဆူဂျီထိုင်မဲ့ခုံကိုလျှောက်သွားလိုက်တယ်။ကံပဲဆိုးတာလားတော့မသိ လျှောက်နေရင်းနဲ့ ခြေထောက်ကရုတ်တရက်ကြီးလျှောသွားတာမို့ ဆူဂျီတော့သွားပြီဆိုတဲ့အတွေးလေးရောက်လာမိတယ်။ကြမ်းစင်အောင်မတိုက်တဲ့လူကို စိတ်ထဲကနေမေတ္တာပို့နေမိတယ်။
ဆူဂျီပြုတ်ကြတာက နောက်ပြန်ကြရင် ကျောကလွယ်အိတ်နဲ့ ဆိုတော်သေး အခုက ရှေ့ပြန်ကြတော့ ဆူဂျီတော်တော်အထိနာမှာ။ရှေ့ကကြမ်းပြင်ကြီးကတော့ ပြောင်းလက်နေတာပဲ။ဆူဂျီကတော့ သွားပြီဆိုတဲ့အတွေးနဲ့ မျက်လုံးစုံမှိတ်ပစ်လိုက်တယ်။ရင်ထဲမှာတော့ ထိတ်ခနဲ။ဆူဂျီအတော်ကြာအောင် မျက်လုံးစုံမှိတ်ထားပေမဲ့ နာကျင်မှုကိုမခံစားရ။လဲကြရင်းကနေ ကြမ်းပြင်နဲ့မထိဘဲအခြားကဘာများရောက်သွားတာလား။အခုဆူဂျီခြေထောက်နှစ်ဖက်ကလေထဲမှာတန့်နေသလိုခံစားရတယ်။တကယ်ပဲ အခြားကမ္ဘာသွားတဲ့ နေရာတစ်ခုခုကိုရောက်သွားတာလားမသိ။
မျက်လုံးကိုဖွင့်လိုက်ပြီ ဆူဂျီခြေထောက်အောက်ကို ငုံ့ကြည့်တော့ ကြမ်းပြင်နဲ့ 2 လက်မလောက်ကွာနေတယ်။ဆူဂျီလက်နဲ့ဖက်နဲ့ ဗိုက်ပေါ်ကိုတစ်ခုခုကရစ်ပတ်ထားပုံပါပဲ။ခပ်နွေးနွေးခံစားချက်ကိုရပေမဲ့ ခနပါပဲ။ပြီးတော့ သူကိုပွေ့ထားတဲ့လူက ဆူဂျီကိုကြမ်းပြင်ပေါ်ကိုချပေးပါတယ်။ဆူဂျီဆက်ခနဲလှည့်ကြည့်တော့ နေရောင်အောက်မှာဖျာကြနေတဲ့ လူတစ်ရောက်။ဆူဂျီခေါင်းလေးနည်းနည်းမော်ကြည့်တော့ သူ့မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတယ်။