ဆူဂျီပေါင်ပေါ်မှာ ခေါင်းတင်ထားသူလေးကို ဆူဂျီငုံ့ကြည့်လိုက်မိတယ်။ဟာရင်းကို ချစ်ပါသည်။ဟာရင်းကို မြတ်နိုးပါသည်။ဟာရင်းရဲ့ မျက်လုံးနက်နက်တွေကိုကြည့်လိုက်ပေမဲ့ ဟာရင်းအကြည့်ရဆူဂျီဆီမှာရှိမနေ။အဲ့တုံးကလိုမျိုးပဲ ကြည့်မနေခဲ့ပါဘူး။
'ဟာရင်း ဆူဂျီကိုတစ်ကယ်ချစ်တာလား'
'အင်း'
ဟာရင်းအဖြေက 'အင်း' တဲ့။ဆူဂျီဘယ်လိုယူစရမလဲ။မယုံနိုင်သေးဘူး ဟာရင်းက ဆူဂျီကို ချစ်တယ်တဲ့လေ။တကယ်လားကွယ်လို့ မေးလိုက်ချင်ပေမဲ့ ချစ်ရသူလေး စိတ်ဆိုးသွားရင် ခက်မယ်။ဟာရင်းနှခေါင်းထိပ်လေးကို ခပ်ဖွဖွလေး ဆူဂျီလက်တွေနဲ့ ထိတွေ့နေမိတယ်။မှဲ့နက်လေးပေါ် လက်ဖျားလေးနဲ့ထိမိတဲ့အခါ ဆူဂျီအပြုံးတစ်ပွင့် ပွင့်လာပြန်လေတယ်။
'ဟာရင်းသိလား ဆူဂျီတို့က တက္ကသိုလ် တစ်ခုထဲမှာတူတူတတ်ရတယ်ဆိုတာ'
ဟာရင်း ဆူဂျီကို ကြည့်မနေခဲ့ ခုံပေါ်မှာတင်ထားတဲ့ရေခွက်လေးဆီအကြည့်ရောက်နေမှန်း ဆူဂျီသိပါတယ်။
'ဟာရင်းသိလား တက္ကသိုလ် စည်းမျဥ်းက တစ်မျိုးပဲနော် စတတ်တတ်ခြင်းနေ့မှာသန့်ရှင်းရေးလုပ်ရတယ်ဆိုတော့'
'အင်း'
'ဟာရင်း အဲ့နေ့က မှန်သုတ်တဲ့ တာဝန်ယူထားတာလေ လဲကြတော့မဲ့ကောင်မလေးတစ်ယောက်ကို ကယ်ပေးတာကော မှတ်မိတယ်မလား'
'အင်း'
ဆူဂျီစကားသံတွေထပ်မကြားရတော့။ဟာရင်း ဆူဂျီဘာဖြစ်နေလဲသိရဖို့ ဆူဂျီမျက်ဝန်းလေးတွေကို ကြည့်လိုက်တော့ မျက်ရည်လေးတွေ ဝဲနေသည်။
'ဘာဖြစ်တာလဲ ဆူဂျီ'
'ဟာရင်းက အင်း တစ်လုံးပဲပြောတယ်လေ အင့်ဟင့်...'
ပြောရင်းဆိုရင်း ငိုသံလေးနှင့်အတူ မျက်ရည်တွေက ကြဆင်းလာလေသည်။ဟာရင်းပါးပေါ် ဆူဂျီမျက်ရည်လာထိတော့ ခပ်နွေးနွေးလေး ဖြစ်သွားလေရဲ့။
'မငိုနဲ့တော့နော် တိတ်တိတ် အာဘွားပေးမယ်'
'တကယ်'
မရုံသလိုအကြည့်လေးနှင့်မေးနေသူကို ကြည့်ရင်း ဟာရင်းရယ်လိုက်မိသည်။မရုံတဲ့လူကို ရုံအောင်လုပ်ဖို့ ဆူဂျီပါးလေးကို ဟာရင်းနမ်းလိုက်သည်။သည်လောက်ဆို ရုံပြီပေါ့။