'ဒိုအာ'
'အွန်း ပြောလေ ဂျာအွန်း'
အကယ်လို့တစ်နေ့မှာ ဂျာအွန်းသေခဲ့ရင်ဝမ်းနည်းမှာလား။ဒီစကားကို ဂျာအွန်းစိတ်ထဲမှာသာပြောဖြစ်လိုက်တယ်။လူတွေက ရှင်ပြီးရင်သေရမှာပါပဲ ဒါကလောကမှာ မပြောင်းလဲနိုင်တဲ့အမှန်တရားတစ်ခုပေါ့။ဂျာအွန်းရဲ့ နှလုံးရောဂါကအချိန်မရွေး ဖောက်နိုင်တာမို့ ဘယ်အချိန်သေမလဲမပြောနိုင်ဘူး။
'ခေါ်ပြီးတော့ ဘာမှလဲမပြောဘူးကွာ ရော့ဒီမှာလက်ထပ်မဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဆွေးနွေးထားတာဟာတွေ '
'အင်း လက်ထပ်မဲ့ရက်က မစောလွန်းဘူးလား'
'မစောပါဘူး တစ်နေ့ကြဂျာအွန်းရော ဒိုအာရောသေမှာပဲလေ မသေခင်လေးတော့ ပျော်နိုင်သမျှနေသွားသင့်တယ်'
'ဟုတ်ပါပြီး...ဒိုအာမိဘတွေကသဘောကောင်းလိုက်တာ'
'ရုတ်တရက်ကြီးဘာလို့အဲ့လိုပြောတာလဲ'
'ကိုယ့်သားသမီးကိစ္စတွေက်ု တတ်နိုင်သမျှနားလည်း အလိုလိုက်ပေးနိုင်တဲ့မိဘတွေရှိတဲ့ ဒိုအာကိုအားကြလို့'
လက်တစ်စုံက စကားသံတွေဆုံးတာနဲ့ ဂျာအွန်းကိုပွေ့ဖတ်လိုက်တယ်။ထိုလက်က အပူငွေ့တွေက ခန္ဓာကိုယ်တစ်ခုလုံး အနွေးဓာတ်တွေပေးနေသလိုပါပဲ။
'တကယ်လို့လေ ငါသေသွားခဲ့ရင် နင်ကောင်းကောင်းအသက်ရှင်ရမယ်နော်'
'ရှူး...'
အာမေဒိတ်သံပြုရင်း ရှေ့မှာလာရပ်တဲ့ ဂျာအွန်းချစ်ရသူကို တွေတွေလေးကြည့်နေမိတယ်။တပ်မက်ခြင်းတွေမပါ အချစ်တစ်စုံနဲ့ပေါ့။
'ငါသေသွားခဲ့ရင်ဆိုတဲ့ စကားမျိုးလာမပြောပါနဲ့...မကြားချင်လို့လဲမဟုတ်သလို ရင်မဆိုင်ချင်လို့လဲမဟုတ်ဘူး...နင်ကောင်းကောင်းအသက်ရှင်ရမယ်ဆိုတဲ့ စကားမျိုးလည်းမပြောပါနဲ့...ကျန်ရစ်ခဲ့ပြီးအသက်ရှင်နေတာကပိုခံစားရစေတယ်ဆိုတာ နင်သိပါတယ်...အော်...ကိုယ့်ကိုယ်ကို ခံစားရမှာဆိုးလို့သေမဲ့စကားပြောတယ်လို့ မထင်စေချင်ဘူး...ဘာလို့လဲ နင်သိပါတယ် ဂျာအွန်းရာ...အဲ့တာ ငါ နင့်ကိုချစ်လို့ဆိုတာကိုပေါ့'