'ဝါးးးးးး'
ဟာရင်းတစ်ယောက်အဝတ်လဲနေရင်းနဲ့ငိုသံကြားလိုက်ရတာကြောင့် အဝတ်ကိုကမန်းကတန်းဝတ်ပြီးအခန်းပြင်ထွက်ခဲ့တယ်။
'အမဘာလို့ငိုနေတာလဲ'
အမကဟာရင်းမေးတာကိုပြန်မဖြေဘဲ အဲ့ဒီခပ်ချောချောကောင်မလေးရဲ့လက်မောင်းကို ဆွဲပြီးတော့လှုပ်နေတယ်။
'အလုပ်ပဲလုပ်နေတာပဲ ကိုယ့်ချစ်သူကိုဂရုလေးဘာလေးစိုက်ပါအုံးလား ဘာလဲအချစ်ရော့သွားတာလား မချစ်တော့တာလား'
'မဟုတ်ပါဘူး'
'အာ့ဆိုဘာလို့ computer မှာပဲအကြည့်စိုက်နေတာလဲ အဲ့တာကငါ့ထက်ပိုချောလို့လား'
ဟာရင်း အမကဘယ်တုံးကရစ်တတ်သွားတာပါလိမ့်။ဟာရင်းအမရဲ့ပါးကိုခပ်ဖွဖွလေးနမ်းပြီးချော့နေတဲ့ လူကိုကြည့်ရင်း။
('ဘာလဲဟ ဘာလို့ငါ့အိမ်မှာလာရိုနေတာလဲ ')
လို့တောင်ဟာရင်းတွေးမိသေးတယ်။
'ဟေ့ ဒီမှာ ထမင်းစားကြမယ်ဗိုက်စာနေပြီး မစားချင်လဲအဲ့မှာဆက်ငိုနေလိုက် ဟိုအမလာသွားမယ် သူ့ကိုချော့မနေနဲ့ အိုဗာတွေလုပ်နေတာမကောင်းဘူးနော်'
'ယား ဒါအား စကားကိုဘယ်လိုပြောတာလဲ နင်ရီးစားရမှသိမယ်'
ထမင်းစားပွဲဝိုင်းထဲရောက်တော့ ဟင်းတွေကအမျိုး 20 လောက်ရှိတယ်။ဟာရင်းကတော့ သူ့ရှေ့မှာဘေးချင်းကပ်ထိုင်နေတဲ့အမ 2 ယောက်ကိုကြည့်ပြီး နဲနဲတော့အံ့အောသွားတယ်။ဟင်းတွေအဲ့လောက်ချက်ရအောင် အလှူလုပ်နေတယ်များမှတ်နေလားမသိ။
'ဒီဟင်းတွေ ဘယ်သူချက်တာလဲ အမယန်ချက်တာလား'
'ဘာအမယန်ချက်ရမလဲ နင်အမအရင်းခေါက်ခေါက်ကြီးချက်တာ'
'အမ ဘယ်တုံးကဟင်းချက်တက်သွားတာလဲ'
'ငါမိန်းမလေးကို ဟင်းချက်ကျွေးချင်လို့လေ သင်ထားတာ'
အမဘေးမှာထိုင်နေတဲ့ယောင်းမလောင်းကတော့ အမပန်ကန်တွေဟင်းတွေတစ်ခုပြီးတစ်ခုထည့်ပေးနေတယ်။
'အမ မဟုတ်ဘူး ယောင်းမလေးက hacker လို့အမကပြောတယ်'
'အင်း'