Part 3
ညကသည်းထန်စွာရွာတဲ့မိုးကသူမဟုတ်သည့်အတိုင်း မနက်ခင်းမှာနေရောင်ကြည်နဲ့အတူ ကောင်းကင်က ကြည်လင်စွာတောက်ပနေတယ်။ စားပွဲခုံပေါ်တင်ထားတဲ့ နိုးစက်မြည်သံကြောင့် သူ့အိပ်ချင်နေတဲ့ကြားကနိုးထလာခဲ့ရတယ်။ ခုံပေါ်က နိုးစက်ကိုယ် ဟိုစမ်းဒီစမ်းလုပ်ရင်း ပိတ်ကာ အခုထိမှိထ်ထားစဲမျက်၀န်းတစ်စုံကိုယ်ဖွင့်ဟစေတယ်။
နိုးနိုးချင်းမြင်ရတဲ့ မျက်နှာပိုင်ရှင်ကြောင့် သူ့အိပ်ချင်စိတ်ပါပြေရတဲ့အထိ။ ဟုတ်သားဘဲ.. ညကသူဒီကောင်လေးကိုယ် ခေါ်လာမိတာ မေ့နေတာ။ ဘယ်အချိန်ထဲက သူ့အခန်းထဲရောက်နေပါလည်း။ သူနိုးလာတာမြင်တော့ သူ့မျက်နှာရှေ့တည့်တည့်တိုး၀င်လာတဲ့ ကောင်လေးကြောင့် ရှောင်းကျန့် ရေချိုးခန်းထဲပြေး၀င်မိတယ်။
ဒီကောင်လေးတစ်ယောက်နဲ့ မလွယ်ဘူး.. မြန်မြန်ပြန်ပို့မှ မဟုတ်ရင် ရှောင်းကျန့် ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးရောဂါရလိုက်မယ်။
လိုအပ်တာပြင်ဆင်ပြီး ကောင်လေးနဲ့အတူ အိမ်ကထွက်လာခဲ့တယ်။သူ့ကိုယ် ထိတ်လန့်စွာ ငေးကြည့်နေတဲ့ ကောင်လေးကြောင့် သူ့ပတ်၀န်းကျင်ကိုယ်ကြည့်မိရာ လူတိုင်းက သူ့တို့နှစ်ယောက်ကိုယ် အထူးအဆန်ငေးကြည့်နေတယ်။ ကောင်လေးက လူကြောက်တက်တယ်ထင်တာကြောင့် ရှောင်းကျန့် ကောင်လေးလက်ကိုယ်ကိုင်ကာ မကြောက်စေဖို့ ခပ်ဖွဖွပုတ်ပေးမိတယ်။ အခုမှ ကြည်လင်လာတဲ့မျက်နှာလေးကြောင့် ရှောင်းကျန့် ပြုံးမိပါသေးတယ်။
"ဘာများကူညီရမလည်း ခများ"
"ဒီရက်ပိုင်းလူပျောက်တိုင်ကြားထားသေးလားမသိဘူး"
"ဒီက လူကြီးမင်းတစ်ခုခုဖြစ်လို့လား "
"ဒီကောင်လေးပါ"ရှောင်းကျန့် သူ့ဘေးက ကောင်ငယ်လေးကိုယ် လက်ညိုးထိုးပြရင် ရဲ၀န်ထမ်းစကားကိုယ် ပြန်ဖြေကြားမိတယ်။
"မနေ့ကတည်းက မိုးရေတွေထဲထိုင်နေလို့ ကျွန်တော်ခေါ်သွားတာ .. သူကိုယ်ဘယ်ကလည်းမေးဖို့ကျ သူ့ကစကားမပြေလို့လေ အဲ့တာသူ့မိဘတွေ စိတ်ပူနေမှာဆိုးလို့ပါ"
ရှောင်းကျန့်ကိုယ် နားမလည်တဲ့ မျက်၀န်းတွေနဲ့ ငေးကြည့်နေတဲ့ ရဲ၀န်ထမ်းက သက်ပြင်းချကာ။
YOU ARE READING
My Wolf (Complete)
Fanfiction"ငါမင်းကိုယ် သဘောကျတယ် .. အခုကစပြီး မင်းကငါ့အပိုင် ဖြစ်သွားပြီး " ".....?....."