Part 6

1.6K 90 1
                                    

Part 6

ပြတင်းပေါက်ကနေငေးကြည့်နေရင်း လမ်းသွားလမ်းလာတွေကိုယ် ရှောင်းကျန့် လိုက်နေမိတယ်။ ပုံမှန်အတိုင်းသွားလာလှုပ်ရှားနေကျတဲ့သူရှိသလို ပြေးလွှားနေရတဲ့သူတွေလည်းရှိတယ်။ အပြင်လောကနဲ့ ထိတွေ့ရတာမကြိုက်တဲ့ ရှောင်းကျန့်အတွက်ကတော့ အိမ်တွင်းပုန်းဖို့သာကြံစည်နေတာမျိုး။  သူ့ကြောင့် ရိပေါ်လည်း အပြင်မထွက်ဖြစ်ပါဘူး။ ရိပေါ်က သူ့သွားတဲ့အနောက်သာ တစ်ကောက်ကောက်လိုက်နေတာ။
အခုလည်း ဘေစင်မှာ ပန်ကန်တွေဆေးနေလေရဲ့..

"ဟက်... အနိုင်ကျင့်ရတာကောင်းသားဘဲ "
ရိပေါ်နောက်ကျောပြင်ကိုယ် ငေးကြည့်နေရင်း တစ်နေရာအရောက်ရှောင်းကျန့် မျက်၀န်းတွေကအလိုလိုရပ်တံ့သွားတယ်။ ‌ကြည်လင်တဲ့အသားရည်ပေါ်မှာ အကြောစိမ်းတို့ယှက်ပြေးနေတဲ့ လည်တိုင်ကျော့ကျော့ကသောက်ရမ်း ဆွဲဆောင်မူအားပြင်းလွန်းတယ် Adam apple ကလည်တိုင်တစ်လျောက်‌ သွယ်ဝိုက်စွာကော့ဆင်းနေတာ ဖြတ်ကိုက်ချင်စရာလေး။

'အားးး ဘာတွေတွေးနေတာလည်း ရှောင်းကျန့် ကိုက်ချင်စရာမကောင်းဘူး .. နည်းနည်းလေးမှမကောင်းဘူး.. နှုတ်ခမ်း‌ပါးလွှာလေးနဲ့ ငုံခဲထားရမှာ..'

အားးး တွေးလေပိုရူပ်လေဖြစ်လာတာကြောင့် ရှောင်းကျန့်မတွေးတော့ဘူး ။ ဗြောင်ရှင်းနေတဲ့ လည်တိုင်ကြောင့် အခုလိုအတွေးတွေ၀င်ကုန်တာ ဟုတ်တယ် .. လည်ပင်းရူပ်သွားအောင် တစ်ခုခုတပ်ပေးထားလိုက်ရင် ရပြီး။
ဆွဲမက်ဖွယ်ကောင်းတဲ့ လည်တိုင်ကျော့ကျော့ကိုယ်သူကလွဲရင်တစ်ခြားသူမြင်မှာဆိုတဲ့ အမှန်တစ်ရားကိုယ်‌ရှောင်းကျန့်က လစ်လှူရူထားပါတယ်။

"ရိပေါ်... ပန်ကန်တွေဆေးပြီးသွားရင် ကုန်တိုက်သွားရအောင် "
"လိုအပ်တာရှိလို့လား.. တစ်နေ့ကအကုန်ဝယ်လာတယ်လေ "
"မဟုတ်ဘူး... မင်းအတွက် ဆွဲကြိုးဝယ်ပေးဖို့ "
"အင်း.. အင်း.. သွားကျမယ်"
ချက်ချင်းကိုယ်ပြောင်းလည်းသွားတဲ့ မျက်၀န်းရွှဲကြီးတွေက ပါပီလေးတစ်ကောင်အသွင်နဲ့ ဖျစ်ညစ်ချင်စရာလေး။

'ကျစ်.. မဟုတ်တာတွေတွေးမိပြန်ပြီး '

////////////

My Wolf (Complete)Where stories live. Discover now