Part 12
Leoနိုးလာတဲ့အချိန် ကမ်းစပ်မှာတင်နေတာ... ပတ်၀န်းကျင်မှာ ဘယ်သူမှမရှိဘူး တိတ်ဆိတ်နေတာဘဲ သူ့အရှေ့ကတောက သူ့ကျဲကျဲတို့နဲ့ နေခဲ့တဲ့ နေရာလောက်မရှိဘူး။ ဒါပေမဲ့ ကျဲကျဲတို့နဲ့ နေတဲ့နေရာလောက် ပျော်ဖို့မကောင်းဘူး။ မားမားပြောတဲ့စကားထဲ မြစ်ကိုယ်ကျော်ရင် အန္တာရယ်ကင်းပြီလို့ ပါတာကြောင့် leoက ဒီတောထဲဘဲ ကျဲကျဲတို့ကိုယ် စောင့်နေတော့မယ်။ တစ်ကယ်လို့ သူ့လျောက်သွားလိုက်ရင် ကျဲကျဲတို့လာတဲ့အချိန် လွဲကုန်မှာ။
အဲ့နေ့ကစပြီး leoက တော်နက်ထဲ တစ်ယောက်ထဲနေထိုင်တယ်။ နေစရာရှာဖို့ ပါးပါးလုပ်နေကျအတိုင်းလုပ်တယ်။ စားစရာရဖို့ မားမားလုပ်နေကျအတိုင်းလုပ်တယ်။ ကျဲကဲလုပ်သလို သူ့နဲ့အတူဆော့ပေးဖို့ကျ ဘယ်သူမှမရှိဘူး ဒါကြောင့် leoက တစ်ယောက်ထဲနေရင်း သူ့ကိုယ်လာခေါ်တာစောင့်နေခဲ့တယ်။ ကျဲကျဲစာဖတ်နေတုန်းက ကြားဖူးတာရှိတယ် မြေခွေးတွေက သစ္စာရှိတယ်တဲ့ ကတိပေးပြီရင်လည်း တည်တယ် ကျေးဇူးရှိရင်လည်း ပြန်ဆပ်သလို အကြွေးရှိရင်လည်း ပြန်ယူတက်တယ်တဲ့။
ပြီးတော့ ကျဲကျဲဖက်တိုင်း မျက်နှာနီသွားတဲ့ စာကြောင်းက မြေခွေးတွေက သူ့တို့ကြင်ယာဖော်တွေအပေါ် သစ္စာရှိတယ်တဲ့ တစ်သက်မှာ ကြင်ယာဖော်ကတစ်ယောက်ထဲရှိတယ်တဲ့အပြင် သူ့တို့ချစ်မိသွားရင် အဲ့လူကိုယ် အဆုံးထိအသက်ပေးပြီးကာကွယ်ပေးတယ်တဲ့။ ဘာကိုယ်ဆိုလိုလည်လီအိုနားမလည်ပင်မဲ့ ကျဲကျဲကတော့ အဲ့တာဖက်တိုင်း မျက်နှာတွေနီရဲနေတက်တယ်။
အချိန်တွေကြာလာတာနဲ့အမျှ leoခန္ဓာကိုယ်ကထွားလာပင်မဲ့ မားမား ပါးပါး ကျဲကျဲကတော့ လာမခေါ်ဘူး ။ ဒါပေမဲ့ leoက စောင့်နေတုန်းပါဘဲ။
တစ်ရက် သူရှိတဲ့တောထဲ ထူးဆန်းတဲ့ အသံလေးကြားရတယ်။ ပုံမှန်ဆို အသံကြားတာနဲ့ ပုန်းနေတက်တဲ့ leo က ထိုအသံလေးကြောင့် ဘာလို့မှန်းမသိထွက်လာခဲ့မိတယ်။ အသံရှိရာ လိုက်ရှာရင်း သစ်ပင်အောက်ထိုင်နေတဲ့ အရိပ်လေးကြောင့် Leo အမှောင်ရိပ်ထဲပုန်းနေမိတယ်။ မှောင်ရိပ်ထဲကနေ လူပ်ရှားနေတဲ့ အရိပ်ကိုယ်သေချာမြင်ရမဲ့နေရာထိတိုးကပ်သွားရင် သူ့အရှေ့ရှိနေတဲ့ အနီရောင်အလုံးလေးကိုယ်လည်း သူ့စူးစမ်းကြည့်မိတယ်။ သူ့တစ်ခါမှမတွေ့ဘူးဘူး အဲ့လိုတစ်ခုလုံးနီနေတဲ့ အလုံးကိုယ် ။ အနီရောင်အလုံးထက် သူ့စိတ်ကိုယ် စိုးမိုးတဲ့အရာက သူ့အရှေ့ကပုံရိပ်လေးဖြစ်တယ်။
YOU ARE READING
My Wolf (Complete)
Fanfic"ငါမင်းကိုယ် သဘောကျတယ် .. အခုကစပြီး မင်းကငါ့အပိုင် ဖြစ်သွားပြီး " ".....?....."