Part 4
ရှောင်းကျန့် အိပ်နေရင်း သူ့အပေါ်တစ်ခုခုဖိနေသလို ခံစားရတာကြောင့် အိပ်ချင်စိတ်ကိုယ် မနည်းတွန်းလှန်းရင်း မျက်၀န်းကိုယ် ဖြေးညှင်းစွာဖွင့်ဟခဲ့တယ်၊ သူ့အပေါ်ရောက်နေတဲ့ ကောင်လေးက သူ့ကိုယ်စူးစိုက်စွာ စိုက်ကြည့်လို့နေတာ ခြင်္သေက ယုန်သငယ်ကိုယ်စားသုံးတော့သလိုမျိုး။
အခုထိကအဆင်ပြေသေးတယ် ရှောင်းကျန့် ရဲ့စိတ်အလုံးစုံကိုယ် နိုးကြားစေတာက ထိုကောင်လေးနှုတ်ကထွက်ကျလာတဲ့ စကားစုကြောင့်ဖြစ်တယ်။
"လောင်ဖော .. "
"အားးး လောဖောရဲ့ အဓိပ္ပာယ်ကဘာလည်းမင်းသိလို့လား ! လျောက်ပြောမနေနဲ့ "
"လောင်ဖော ဆိုတာ..."သလင်ကျောက်လိုကြည်လင်တဲ့ မျက်၀န်းစိမ်းလေးတွေနဲ့ ရှောင်းကျန့်မျက်၀န်းညိုတစ်စုံက အညှို့ခံထားရသလို့ တစ်ယောက်ကိုယ်တစ်ယောက် ငေးကြည့်နေမိတယ်။ ထိုကောင်လေး အသံကိုယ်ကြားလိုက်ရပြန်တော့လည်း ယောင်္ကျားလေးတစ်ယောက်ရဲ့ ဩရှတဲ့ အသံမျိုးကိုယ်မှ တည်တည်ညိမ်ညိမ်လေး ကြားရပြန်တယ်။
မျက်၀န်းစိမ်းလေးရဲ့ ညှို့ငယ်အားကြောင့် ရှောင်းကျန့်ကိုယ်တိုင်တောင်မသိလိုက်ခင် ရင်ဘက်ခြမ်းတစ်နေရာက ခုန်လို့လာတယ်။
တုန်ရည်နေတဲ့ စိတ်ကိုယ်ကော တစ်စတစ်စအခုန်မြန်လာတဲ့ နှလုံးသားကိုယ်ကော ရပ်တံ့စေတာက ထိုင်လေးနှုတ်ကထက်ထွက်လာတဲ့ စကားစုကြောင့်ဖြစ်တယ်။"လောင်ဖော.. ဆိုတာ .. သဘောထားတစ်ခုကိုယ်ပြောတာဖြစ်မယ်"
"အားးး ! စကားပြောတက်ပြီးဆို ကောလို့ဘဲခေါ်...!"ရူက်ရမ်းရမ်းတဲ့ ရှောင်းကျန့်ကထိုကောင်လေးကိုယ် ကုတင်ပေါ်တွန်းချပြီး အခန်းပြင်ထွက်လာခဲ့တယ်၊ အခုသူ့အိပ်ချင်စိတ်တွေလည်း ပြေနေပြီးလေ ဒီစိတ်နဲ့ဘယ်လိုဆက်အိပ်ရမှာလည်း ၊ ကောင်လေးကိုယ်လည်း မေးစရာတွေအများကြီးရှိသေးတယ်။
စကားပြောတက်ပြန်တော့လည်း ထိုကောင်လေးကရှောင်းကျန့်ကိုယ်ခိုင်းစားပြန်ပါသေးတယ်။ အသံချိုချိုလေးနဲ့ ခိုင်းပြန်တော့ ရှောင်းကျန့်မှာမလုပ်ပေးဘဲနဲ့မနေနိုင်ပြန်ဘူး။
YOU ARE READING
My Wolf (Complete)
Fanfiction"ငါမင်းကိုယ် သဘောကျတယ် .. အခုကစပြီး မင်းကငါ့အပိုင် ဖြစ်သွားပြီး " ".....?....."