Extra 4 (final)

1.7K 82 1
                                    

Extra 4 (Final)

4 month

ရိပေါ်က အရင်လိုရှောင်းကျန့်ရဲ့ ဝေဒနာတွေကိုယ်မခံစားရတော့ဘူး။ ပုံမှန်ပြန်ဖြစ်လာတဲ့ ခန္ဓာကိုယ်နဲ့အတူ ရိပေါ်က အရင်ကထက် ရှောင်းကျန့်နား ပိုကပ်လာတယ်။ ဘယ်သွားသွားတစ်ကောက်ကောက်ပါပြီ အနားကခွာမရအောင် ဘေးမှာအမြဲရှိနေတာ။ လေးလဆိုတဲ့ အချိန်ကာလတစ်ခုမှာ ရှောင်းကျန့် ဗိုက်ပူပူလေးက ပုံမှန်ထက်တော့ မထွားပင်မဲ့ ချစ်စရာကောင်းအောင် တည်ရှိနေတယ်။

ရှောင်းကျန့်ကအခုဆို မျှော့ကြိုးဘောင်းဘီးရှည်နဲ့ ရှပ်အပွတွေသာ၀တ်တော့တယ် ဒါကြောင့် ဗိုက်ပူပူလေးက ပျောက်နေတက်တယ် တစ်ခါတစ်လေ ရိပေါ်က အလန့်တစ်ကြား အင်္ကျီကိုယ်လှန်လှန်ကြည့်ကာ ‌ဗိုက်ပူပူလေးကိုယ် စစ်ဆေးတက်တယ်။ ညဘက်တွေလည်း ဗိုက်ပူပူလေးကိုယ် ထိုင်ကြည့်နေတက်တယ် ။
အခုဆိုရိပေါ်မှာ အကျင့်တစ်ခုက တိုးလို့လာတယ်၊ ညအိပ်တိုင်း ရှောင်းကျန့် ဗိုက်‌ကလေးကိုယ် ကိုင်ပြီးမှအိပ်သလို မနက်ခင်း အိပ်ယာထတိုင်း အနမ်းပေးတက်တယ်။ မြေခွေးလေးက စိတ်ခံစားချက်တွေကိုယ် အခုထိသင်ယူနေတုန်းဖြစ်တာကြောင့် တစ်ချို့အရာတွေကိုယ်ထုတ်မပြတက်ပင်မဲ့  မလိမ်ညာတက်တဲ့ မျက်၀န်းလေးတွေကရိပေါ်ရဲ့
ခံစားချက်တွေကိုယ် အတိကျဖော်ပြပေးတယ်။

/////////////

6 month

"ရိပေါ် ! အသုံးဆောင်တွေ ၀ယ်ပြန်ပြီလား "
"..."
"ငါမင်းကိုယ် ကဒ်ပေးသုံးတာရပ်လိုက်ရမလား "
"ကျန့်ကော ကလည်း .. ဒါလေးတွေကအရမ်းချစ်ဖို့ကောင်းလို့ပါ ..
ကဒ်တော့မသိမ်းလိုက်ပါနဲ့ ကျွန်တော် နောက်မသုံးတော့ပါဘူး "
"မင်းအမြဲ အဲ့လိုပြောနေကျလေ "
"ဒီတစ်ခါတစ်ကယ်ပါ "

မြေခွေးစုပ်ရဲ့ လက်သုံးစကားကိုယ်ရှောင်းကျန့် ခေါင်းခါပြီ မသိချင်ယောင်ဘဲ ဆောင်လိုက်ပါတယ်။ ဗိုက်ထဲက ကလေးလေးက ဘာလေးမှန်းမသိဘဲ ရိပေါ်က အမြဲကလေးပစ္စည်းတွေ ၀ယ်နေတက်တယ်။ သဘောကျတယ်ထင်တာ အကုန်၀ယ်နေတာ လိုအပ်လား မလိုအပ်လား ဘယ်အရွယ်အတွက် အသုံးပြုတယ် ဘာအတွက်သုံးတယ် တစ်ခုမှမတွေးဘဲ ရိပေါ် စိတ်ထဲ သဘောကျပြီဆိုတာနဲ့ အကုန်၀ယ်တော့တာဘဲ ၊ ရှောင်းကျန့်ဆူလည်း ခဏပါဘဲ ပြီးရင် ဒီဘူတာဘဲပြန်ရောက်တာ၊  ဘာမှမ၀ယ်နိုင်အောင် တစ်ခါလောက် ကဒ်ကိုယ် သိမ်းပစ်အုံးမယ်။

My Wolf (Complete)Where stories live. Discover now