Part 11

1.5K 83 3
                                    

Part 11

Fash back

မှောင်မှိက်ပြီးခြောက်မက်ဖွယ်ကောင်းတဲ့ တောနက်ထဲကိုယ် လူသားမပြောနဲ့  တိရစ္ဆာန်တောင်ခြေမချရဲဘူး။ လမ်းမှားပြီး ၀င်ရောက်မိတာနဲ့ အသက်ပျောက်တာမို့ မရဏတောအုပ်လို့ နာမည်ကြီးတယ်။ အမှန်ကတောအုပ်ရဲ့ အတွင်းဘက်တည်ရှိနေတဲ့ ရိုးရှင်းတဲ့ ဖြစ်တည်မူလေးတွေကိုယ် ဘယ်သူကိုယ်မှမမြင်စေချင်တဲ့ အပြင် မိသားစုကိုယ်ကာကွယ်ဖို့ အခုလိုလုပ်ထားတာဖြစ်တယ်။

‌အပြင်ပိုင်းကကြည့်ရင် ကြောက်မက်ဖွယ်ကောင်းတဲ့ တောနက်ကြီးရဲ့ အတွင်းဘက်မှာတော့ စိမ်းလန်းစိုပြေတဲ့ ရပ်၀န်းလေးတစ်ခုရှိတယ်။
မြေခွေးတို့ရဲ့ အရပ်ဖြစ်တဲ့ မြေခွေးကမ္ဘာငယ်လေးကိုယ် အားလုံးရန်ကကင်းအောင် မြေခွေးခေါင်းဆောင်က ကာကွယ်ထားတယ်။ မြေခွေးတို့ အသွင်နဲ့ သူတွေရှိသလို လူသားအသွင်နဲ့နေထိုင်သူတွေလည်းရှိတယ်။
‌မြေခွေးတို့သဘာ၀ အသက် ၁၈ နှစ်တရား၀င်ပြည့်ချိန်လပြည့်ညမှစ၍ လူသားအသွင်ပြောင်းလည်နိုင်ပြီး ထိုနေမှစ၍ လိုအပ်တဲ့အသိဉာဏ်နဲ့ နေထိုင်မူတွေကိုယ် စတင်သင်ယူရမဲ့အချိန်လည်းဖြစ်တယ်။

ထိုကမ္ဘာငယ်လေးအတွင်းမှာ Leo(ရိပေါ်) တို့မိသားစုလေးအပါ၀င်ဖြစ်တယ်။ Leo တို့မိသားစုကရိုးရှင်းပါတယ် ပါပါးနဲ့မားမားအပြင် ကျဲကျဲနဲ့ Leo လေး သာရှိတယ်။ ကျဲကျဲက အသက် ၁၀၀ ပြည့်ပြီးဆိုပင်မဲ့ Leo လေးက အခုမှ ၁၀ နှစ်အရွယ် မြေခွေးပေါက်စလေးဘဲရှိသေးတာ။ ၁၀ နှစ်သားလေး Leo က သူ့ကျဲကျဲသင်ယူသမျှအကြောင်းရာတွေကိုယ် နားထောင်ပြီး မှတ်ထားတက်သေးတယ်။ ဉာဏ်ကောင်းလွန်းတဲ့ Leo လေးက ၁၀ နှစ်ရွယ်နဲ့ မလိုက်အောင် ထက်မြက်လွန်တယ်။ ထက်မြက်ပင်မဲ့ အသွင်ပြောင်းလို့မရသေးတဲ့ Leo လေးက မြေခွေးပေါက်စလေးအသွင်နဲ့ မိသားစုကြားအငယ်ဆုံးလေးကိုယ် အားလုံးကအကဲပိုစွာချစ်ခင်ကျတယ်။

"Leo .. ဘယ်ရောက်သွားတာလည်း ..Leo  .. ကျဲခေါ်နေတာ ကြားလား "
"သမီးငယ် Leo လေးကိုယ် မတွေ့သေးဘူးလား "
"ဟုတ်ပါးပါး.. အနံပါမရတော့လို့ "
" စိတ်မပူပါနဲ့ ပါးပါးတို့နဲ့ အလှမ်းဝေးသွားလို့ အနံပျောက်သွားတာဖြစ်မှာပါ သမီး မားမားလည်း အိမ်တိုင်းလိုက်ရှာနေတယ်.. ပါးပါး အရှေ့ဘက်တောထဲ လိုက်ကြည့်လိုက်မယ် "

My Wolf (Complete)Where stories live. Discover now