Part 5
"ငါအလုပ်ကစ္စနဲ့အပြင်သွားရမယ်.. "
"အင်း.."
"အိမ်မှာဘဲနေခဲ့နော်... ငါမြန်မြန်ပြန်လာခဲ့မယ်"
"ဒါဆို မင်းဂရုစိုက်သွားနော် "
တံခါးပိတ်ကာရှောင်းကျန့်ကျောပြင်ပျောက်ကွယ်သွားတာနဲ့ ရိုးရှင်းတဲ့မျက်၀န်းတစ်စုံက ချက်ချင်းခက်ထန်လို့သွားတယ်။"ကျစ်ညက ကောင်းကောင်းအိပ်ရေးမ၀ဘူးဘဲ"
နောက်ကျီနေတဲ့ခေါင်းကိုယ် ခပ်ဖွဖွထုရင်း ရှောင်းကျန့်ချိန်းဆိုထားတဲ့နေရာရှိဦးတည်မိတယ်။ သူ့အခုတွေ့မဲ့သူက သောက်ကျင့်တစ်စက်မှမကောင်းတဲ့သူ .. သူရေးဆွဲထားတဲ့ ဒီဇိုင်းအသစ်တွေအပြင်ဈေးကွက်ထဲဖြန့်နေတဲ့ ဒီဇိုင်းတွေကိုယ်ပါ သူ့ company မူပိုင်ဖြစ်ချင်နေတာ၊ ဈေးကွက်ထဲပြန့်နေတဲ့ ဒီဇိုင်းတွေကိုယ် မူပိုင်ခွင့်ယူပြီး ဖြန့်ချီထားတဲ့ company အားလုံးကိုယ်တရားစွဲကာငွေညစ်ချင်နေသူ။
ဂျပန် company လက်အောက်မှာလုပ်နေတဲ့ အမူဆောင်တစ်ေယာက်ဖြစ်တယ်ဆိုတာ သက်သေပြစရာမလိုအောင်သောက်ကျင့်ကတစ်စက်မှမေကာင်းတာ၊ အလုပ်သမားတွေအပေါ်ဂုတ်သွေးစုပ်တာအားမရလို့ ရှောင်းကျန့်ကိုယ်ပါ ဖိနိုပ်ချင်နေတဲ့သူ။ ဘယ်နှစ်ကြိမ်ငြင်းငြင်းလက်မလျော့တဲ့ ထိုလူကသောက်ကျင့်ယုတ်သလိုဇွဲကလည်းကောင်းတယ် ရှောင်းကျန့် လူကိုယ်တိုင်မတွေ့မချင်း လက်လျော့မဲ့ပုံမပေါ်ဘူး။
သူ့ဘက်ကအငြင်းစကားဆိုဖို့လာခဲ့ပင်မဲ့ ထိုလူဘက်က သူ့ကိုယ်မဲဆွယ်ဖို့လာမှန်း ရှောင်းကျန့်သိတယ်။'ကျစ်.. စကားပြောရတာအဆင်ပြေပြီး.. အေးအေးဆေးဆေးပြီးသွားဖို့မျော်လင့်ရတာဘဲ '
///////////////
"ရှောင်းကျန့်က ငယ်သေးတာဘဲ .. အသက်ကြီးမယ်ထင်ထားတာ"
"လာရင်း ကစ္စဘဲအရင် ပြောကျတာပေါ့.."
"ဟက်.. လူငယ်ဆိုတဲ့အတိုင်း သွက်လက်တာဘဲ .."
"ကျွန်တော်ဘက်က အားနာနာနဲ့ထက်ပြောပါမယ် ကျွန်တော်ဒီဇိုင်းတွေကိုယ် မရောင်းနိုင်ပါဘူး""အခုလောက်ထိပြတ်သားဖို့မလိုသေးပါဘူး ..မင်းကိုယ် ကိုတို့ company ရဲ့ဒီဇိုင်းခေါင်းဆောင်ရာထူပေးမယ် လစာလည်း နှစ်ဆ.."
"ကျွန်တော်က ဘယ်သူလက်အောက်မှာမှ ခစားမဲ့သူမဟုတ်ဘူ .. ဒါကြောင့် အခုထဲကပြတ်သားစွာ ငြင်းတာပါ "
"ဒီလိုဆိုရင်ရော..."
YOU ARE READING
My Wolf (Complete)
Fanfiction"ငါမင်းကိုယ် သဘောကျတယ် .. အခုကစပြီး မင်းကငါ့အပိုင် ဖြစ်သွားပြီး " ".....?....."