Part 14 (Final)

2.1K 78 2
                                    

Part 14 (end)

အခုဆိုအရင်လို ရိပေါ်က ကုတင်အောက်မအိပ်တော့ဘူး။ ရှောင်းကျန့်နဲ့အတူ ကုတင်ပေါ်မှာအိပ်တယ်။ ညအိပ်ယာ၀င်ချိန် သဘောကျရတဲ့သူမျက်နှာကိုယ်ကြည့်ပြီး အိပ်စက်ရတာနဲ့ မနက်ခင်းနိုးထချိန်ချစ်ရသူမျက်နှာကိုယ်အရင်ဆုံးတွေ့ရတဲ့ ခံစားချက်ကဘာနဲ့မှမလဲနိုင်ဘူး။
ရှောင်းကျန့် ရိပေါ်ခန္ဓာကိုယ်သေးသေးလေးကိုယ်ဖက်တွယ်ထားမိတယ်။ ရိပေါ် ကလေးလေးဖြစ်သွားတာတစ်ခုကောင်းတယ် သူ့မမြင်လိုက်ရဘဲကြီးပြင်းလာတဲ့ ရိပေါ်ငယ်ဘ၀ကိုယ် အခုရှောင်းကျန့်အတူဖြတ်သန်းရတာ သဘောကျတယ်။

"ရိပေါ်  ဒီနွေရာသီဆို ဆယ်နှစ်ပြည့်ပြီးမလား "
"..."
"မင်းရည်ရွယ်ချက်က ငါ့ကိုယ်ရှာတွေ့ဖို့သက်သက်ဘဲမလား .. ဒါဆို ပုံမှန်မဟုတ်တဲ့ မင်းရဲ့ပြောင်းလဲချင်းက မင်းကိုယ်ဆိုးကျိုးတွေဖြစ်စေမှာလား "

"ကျွန်တော်ကိုယ် တစ်ယောက်ယောက်က တွေ့အောင်ရှာရမယ်လို့ပြောတာ ကောကပထမဆုံးဘဲ ဒါကြောင့် ဟိုအစတည်းက ကျွန်တော်ရည်ရွယ်ချက် ကောကိုယ်ရှာတွေ့ဖို့ဘဲ .. ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်ကမကောင်းဆိုးဝါးနဲ့တူလာတယ်.. ကျွန်တော်ကိုယ်ကျွန်တော် ထိန်းချုပ်လို့မရဘူး နောက်ဆုံး ကောကိုယ်ပါထိခိုက်စေခဲ့တယ် "
"ငါအဆင်ပြေပါတယ်.. အားလုံးအဆင်ပြေသွားမယ်လို့ ငါယုံကြည်တယ် "

"အစကတည်းက ကောကိုယ်ရှာတွေ့ဖို့အပြင် ကျွန်တော်က လောဘကြီးပြီး တစ်ခြားအရာတွေပါ လိုချင်နေခဲ့တာထင်တယ်"
"မင်းမှာလောဘကြီးပိုင်ခွင့်ရှိတယ် ရိပေါ်.. မင်းက မြေခွေးလေးဘဲဖြစ်ဖြစ် ရိပေါ်ဘဲ ဖြစ်ဖြစ် မကောင်းဆိုးဝါဘဲ ဖြစ်ဖြစ် ဒီတစ်ခါတော့ ငါ့မင်းကိုယ်ဆွဲထားမှာ ငါမင်းကိုယ်နောက်တစ်ခါထက်မထားခဲ့တော့ဘူး"
"ကော "
"မင်းနားလည်အောင် ပြောရရင် မင်းနဲ့နောက်ဆုံးထွက်သက်ထိ ငါကအတူရှိနေမှာ "

////////////

1 month

"ကော... ကောကြည့် .. ကျွန်တော်သွားပြန်ထွက်လာပြီး "
"အခုကစပြီး မင်းနာကျင်ရမဲ့အရာတွေ ထက်မလုပ်ရဘူးနော် "
"ဟုတ်.."

---

2 months

ရိပေါ် ခန္ဓာကိုယ်က ပုံမှန်အသက်ရွယ်ကိုယ်ပြန်ရောက်လာပြီး။ ရိပေါ်ရဲ့ အစားအသောက်နဲ့ ကျန်းမာရေးကိုယ် ဂရုစိုက်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ် ခန္ဓာကိုယ်အချိုးစားကအရင်ထက်ပိုကြည့်လို့ကောင်းလာတယ်။

My Wolf (Complete)Where stories live. Discover now