Extra 2
လအနည်းအကြာ
"စားမကောင်းလို့လား ရိပေါ် .."
"မဟုတ်ပါဘူး "
ရှောင်းကျန့် ချက်သမျှအစားသောက်တိုင်း မညီးမညူစားနေကျ ရိပေါ်က ဒီလထဲ အစားသောက်တော်တော်ပျက်လာတယ်။ ဘာချက်ကြွေးကြွေး အနည်းငယ်သာ စားပြီး မကြာခဏလည်းအန်တက်ပြန်တယ်။
ပိန်ကျသွားတဲ့ ရှောင်းကျန့်မြေခွေးလေးက ရှောင်းကျန့်စိတ်မကောင်းဖြစ်မှာဆိုးလို့ အစားသောက်တွေဟန်ဆောင်စားပြီး နောက်ကွယ်မှာ ပြန်ပြန်အန်နေတာ ရှောင်းကျန့်မသိဘူးထင်နေတဲ့ပုံ။ ဆေးရုံသွားဖို့ခေါ်လည်း ပေတေနေတဲ့ မြေခွေးလေးကြောင့် ခက်ရပါကြည်ရဲ့။ မြေခွေးေလးကသာ အစားသောက်ပျက်ပြီး ပိန်လာတာ ရှောင်းကျန့်ကတော့ စားသမျှအကုန်၀င်သလို အရင်ထက်ပိုစားလာတာကြောင့် gym မဆော့တဲ့ ရှောင်းကျန့် ခများ ဗိုက်ကလေးတောင် ပူလို့။"ရိပေါ် .. စားလို့အဆင်မပြေရင် မစားနဲ့တော့ .. ကောတစ်ခြားဟာလုပ်ပေးမယ် ဘာစားချင်လည်း "
"ဟင်အင်း ကျွန်တော်အဆင်ပြေပါတယ် ကော .. ကောအပင်ပန်းမခံနဲ့ ကျွန်တော် စားလို့ရပါတယ် ကြည့် တွေ့လား ... ဝေါ့့့ "
ရှောင်းကျန့်ပင်ပန်းမှာဆိုးပြီး မစားနိုင်တာကိုယ် အတင်းစားနေတဲ့ ရိပေါ်က အခုတော့ ဘေစင်ရှေ့ ခေါင်းစိုက်လျှက်သား။"အဆင်ပြေရဲ့လား ရိပေါ် .."
"ကျွန်တော် .. ပြေ ့့့ "
"ရိပေါ် !!! "
ကြမ်းပြင်ပေါ် လဲကျသွားတဲ့ ခန္ဓာကိုယ်ကိုယ် ရှောင်းကျန့် ထိန်းရင်း ရိပေါ်ကိုယ် လှုပ်နိုးနေမိတယ်။ သတိလစ်မေ့လဲနေတဲ့ ရိပေါ်က ရှောင်းကျန့်ဘယ်လောက်နိုးနိုး သတိရမလာတာကြောင့် မျက်ရည်တွေနဲ့ ရှောင်းကျန့်အဖို့ ဆေးရုံကိုယ်အပြေးလွှာသွားရတယ်။မနိုင်မနင်းရိပေါ် ခန္ဓာကိုယ်ကိုယ် သယ်ကာ ဆေးရုံထဲ ၀င်လာတဲ့ ရှောင်းကျန့်ပုံစံက အားလုံးအမြင်မှာ အရူးတစ်ယောက်လို။ မျက်ရည်တွေပြည့်နေတဲ့ မျက်၀န်းတစ်စုံ ဘယ်လောက်ကြာအောင် ငိုထားမှန်းမခန့်မှန်းနိုင်အောင် နီရဲနေတဲ့ မျက်ခမ်းစက်တွေက သက်သေဖြစ်တယ်။
"အင် ... "
"သတိရလာပြီးလား ရိပေါ် .. အဆင်ပြေရဲ့လား ခေါင်းမူးနေလား .. အန်ချင်နေသေးလား .. တစ်နေရာရာကနာနေသေးလား တစ်ခုခုဆို ကောကိုယ်ပြော နော် ရိပေါ် တစ်နေရာရာက .."
"ကော .. "
"..."
မေးခွန်းတွေဆက်တိုက်မေးနေတဲ့ ရှောင်းကျန့်က အသိစိတ်လွတ်နေတဲ့သူလို ရိပေါ် အသံကြားမှ အသိပြန်၀င်လာပုံရတယ်။ ရိပေါ်ကိုယ် ကြည့်နေရင်း မျက်၀န်းတွေက မျက်ရည်မိုးရွာသွန်းလာတာကြောင့် ရိပေါ် မှာ အထိတ်အလန့်ချော့ရတဲ့ အဖြစ်။
YOU ARE READING
My Wolf (Complete)
Fanfic"ငါမင်းကိုယ် သဘောကျတယ် .. အခုကစပြီး မင်းကငါ့အပိုင် ဖြစ်သွားပြီး " ".....?....."