Part 1💙

3.7K 43 0
                                    

"ယူသွားအုံးပေါ့ဒို့ရဲ့အချစ် ဒို့ဘဝအားလုံးလိုရင် ကြည်ဖြူစွာပေး လှူမယ်ဒို့အသည်းဦး...အချစ်ဦးလေးမို့အရူးမူးပဲ မင်းအလိုပြည့်ဖို့ဆိုရင် ..." ဖုန်းသံမဆုံးခင်ပဲ ဖုန်းကကျသွားပီဖြစ်တယ်။

"ဟဲ့ သမီး ..ဖုန်းလာနေတယ်မလား ကိုင်လိုက်အူံးလေ တော်ကြာညဉ်းဦးလေးတွေဆီကဖြစ်နေအုံးမယ်"
"ဟုတ်ကဲ့အမေ သမီးလက်ဖက်သုတ်နေရင်းတန်းလန်းဖြစ်နေတာ လက်မှာပေနေလို့ ဒါလေးသုတ်ပီးရင် ပြန်ခေါ်လိုက်မယ်"
"အေးအေး ညဉ်းဦးလေးတွေ ရန်ကုန်ကိုလာမယ်ပြောတယ် အဲ့တာနဲ့ပတ်သက်ပီးဆက်တာဖြစ်မှာဆိုးလို့"
"ဟင်...ဘာလို့ဦးဖေတို့က လာမှာလည်း အလုပ်ကိစ္စလား"
"အဲ့တာလည်းပါတာပေါ့အေ အမေတို့သားအမိကိုလည်းလာတွေ့ရင်းပေါ့ သမီးကိုလည်း သတိရတယ်ပြောနေကြတာ"
"ဟုတ်ကဲ့အမေ တစ်ခါတည်းထမင်းစားရအောင်လေ သမီးထမင်းခူးထားပီ"
"အင်းအင်း စားမယ်လေ အမေလည်းဆာပီ "
.
.
"ဟလို....ဦးဖေလားဟင် ဖုန်းခေါ်ထားလို့ဦးဖေတို့ရန်ကုန်လာနေကြပီလားဟင် ‌အမေပြောလို့သိတာ ရွက်ဝါလည်း ဦးဖေဖုန်းနံပါတ်ကို ဖျက်မိသွားတာနဲ့ တန်းမမှတ်မိလို့ ဟဲဟဲ"
".........."
"ဟလို ဉီးဖေကြားလားဟင် ဟလို...."
"အင်း.....ကြားတယ်"
"အယ်...." ရွက်ဝါ လန့်သွားတယ် ဒါ ဦးဖေအသံမှမဟုတ်တာပဲ ဘယ်သူကြီးလဲ
"ဟ.ဟလို...ခုပြောနေတာဘယ်သူကြီးလဲဟင်"
"မင်းဆက်လို့ ကိုယ်ကိုင်တာလေ အဲ့တာကိုပြန်မေးနေသေးတာလား"
အလိုတော် ဒီကပဲခေါ်ရတယ်ရှိသေး ဒီလူ....
"အမယ် ရှင်ကြီးရဲ့ဖုန်းနံပါတ်နဲ့ ရွက်ဝါဆီ စော‌စောက ဖုန်းဝင်လာလို့ အခုပြန်ခေါ်တာလေ "

သူကဗျာကယာပဲ ပြန်ကြည့်လိုက်တော့ ဟုတ်သားပဲ ဒီနံပါတ်ကို ခေါ်ထားတာပဲ
"တောက်..." စိတ်တိုတိုနဲ့ တောက် တစ်ချက်ခေါက်ပီး ဖုန်းချလိုက်တယ် အချိန်တွေအဲ့လောက်အားယားမနေဘူး ‌တောင်းပန်တယ်ဘာညာပြောဖို့လောက်ထိ သူသတိမရပါ
အဲ့လိုတွေလည်းသူပြောတတ်သည်မဟုတ် သူ့အကျင့်မဟုတ်

"တောက်.....နှင်းဆီကွာ " ဒီနေ့မှ ကိုယ်နဲ့စေ့စပ်ထားတဲ့သူက ရုံးအထိလိုက်လာပီး နားပူနားဆာနဲ့ အနားမှာကပ်ပီး ဂျီလာကျနေတယ် မေမေစကားတစ်ခွန်းတည်းနဲ့ပဲ နှင်းဆီကို သူခွင့်ပြုပေးခဲ့တယ် အခုတော့ သူမက ကိုယ်မရှိတုန်း ဖုန်းကိုပတ်မွှေထားတယ်
.
."အမယ် ဘယ်လိုလူကြီးတုန်းပဲ သူကလည်းမှားခေါ်သေးတယ် မချေမငံပြောပီး ဖုန်းတောင်အရင်ချသွားလိုက်သေးတယ် သက်သက်နှောက်ယှက်တာပဲနေမယ် ဖုန်းသရဲ အစုတ်ပလုတ် အာပေတူးကြီး .."
"ဟဲ့ သမီး ဘာဖြစ်တာတုန်း ဘာကိုစိတ်တိုနေတာတုန်း"
"အလကားပါ‌အမေရာ စောနဖုန်းဆက်လို့ သမီးပြန်ဆက်တော့ ဝူးဝူးဝါးဝါးနဲ့ဘာတွေပြော‌မှန်းကိုမသိတာ ဖုန်းသရဲနေမှာပေါ့ သမီးလည်း ဖုန်းချပစ်လိုက်တယ်"
"အေးကွယ် ဖုန်းကိုလည်း အဆက်သွယ်ရှိအောင်သာဝယ်ထားပေးရတာ အမေကတော့ ကိုင်ကိုမကိုင်စေချင်ဘူး ခုခေတ်ကလေးတွေ လိုင်းတွေဘာတွေသုံးကျ ဘာညာဖြစ်ကြ ရည်းစားထား ဘာကြညာကြနဲ့အေ "
"ဪ အမေကလည်း သမီးက ဘာမှကိုမသုံးပါဘူး ‌စိတ်သာချ ရည်းစားဘာညာထားမယ့်ရုပ်လားလို့"
"မဟုတ်လည်း အမေကတော့ စိုးရိမ်တာတော့အမှန်ပဲပေါ့အေ
ရည်းစားထားမှာထက် မတော်တရော်လူတွေနဲ့တွေ့မှာဆိုးတာ ဖုန်းပေါ်မှာအဲ့လိုတွေရှိကြတာပဲမလား "
"စိတ်ချ ဘာမှမဖြစ်ဘူး သမီးလားရည်းစားထားမှာ ခုမှ‌ဒုတိယနှစ်တက်နေတုန်းရှိသေးတာ အဲ့အကြောင်းတွေခေါင်းထဲထည့်လို့ကိုမရတာ ဟဲဟဲ မိဆူးတို့ ရွှေရည်တို့နဲ့ စားမယ်ဆော့မယ် အဲ့တာတွေပဲခေါင်းထဲရှိတာ "
"စားမယ်ကတော့ထားပါအေ ဆော့မယ်တော့မလုပ်ပါနဲ့ ညဉ်းအရွယ်အပျိုလေးနော် ဆော့နေရမယ့်အရွယ်မဟုတ်တော့ဘူး ပီးရင်လည်း ရပ်ကွက်ထဲမှာ စကားလည်းများမနေနဲ့အုံး သူတို့ဘာပဲပြောပြော မဟုတ်ရင် ကြားရလည်း ဒီတိုင်း မကြားချင်ယောင်ဆောင်လိုက်ပါ့သမီးရယ် "
"အို အမေကလည်း မရပါဘူး မကြားချင်ယောင်ဆောင်ဖို့မပြောနဲ့ မကြားရရင်တောင် ဘာပြောနေတာလဲ ဒဲ့သွားမေးတာကို "
"သမီးကလည်းအေ ဒီမအေပြောတာကိုနားထောင်ပါ"
"ထားပါအမေရယ် မပြောတော့ဘူးအဲ့ကိစ္စတွေ ဦးဖေတို့ကို ဖုန်းဆက်လိုက်အုံး သမီးဖုန်းထဲလည်း နံပါတ်ပြန်ထည့်ရအုံးမယ် မှားဖျက်မိသွားလို့"
"ဖြစ်ရမယ် ဒေါ်ရွက်ဝါ‌တို့ကတော့ ....."
.
.
.
"သားလေး ..."
"ဟုတ်မေမေ လာလေ ထိုင်ပါအူံး"
"ဒီမှာ အိပ်ခါနီး နွားနို့ပူပူလေးလာတိုက်တာ ငါ့သားလေး ပင်ပန်းရောပေါ့ကွယ် နားတော့လေ အချိန်လည်းမစော‌ေတာ့ဘူး ဒါလေးသောက်ပီး နားတော့နော်"
"ဟုတ်ပါပီမေမေရယ် သား ဒါလေး လက်စသက်ပီးရင် နားတော့မှာပါ ‌မေမေလည်းအိပ်တော့လေ ဖေဖေရောအိပ်သွားပီးလား"
"ဟုတ်တယ် သား‌ေဖဖေ စောနကတင် အိပ်ယာဝင်သွားတာ "ဟုတ် နောက်တစ်ပါတ်ထဲ ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့သွားစရာလေးရှိတယ်လေ အဲ့အတွက် လိုအပ်တဲ့ file တွေ ပြင်နေတာ "
"သားရယ် company ကိစ္စရော သားရဲ့ကိုယ်ပိုင်အလုပ်ကိုပါ လုပ်နေတော့ပင်ပန်းပါတယ်ကွယ် နားလိုက်ပါလား သားဖေဖေရဲ့ ဆက်ခံသူနေရာမှာပဲ နေပါကွယ်"
"ရပါတယ်မေမေရဲ့ သားရဲ့ဝါသနာကိုလည်း တွယ်တာတယ်
ဖေဖေ့နေရာတွက်လည်း သားအားလုံးအဆင်သင့်ပဲ"
"သိပါတယ် မေမေ့သားလေးက နေရာတကာမှာတော်တယ်ထက်မြတ်တယ်ဆိုတာ ဒါဆို မေမေသွားအိပ်တော့မယ်နော် သားလည်း ဒါလေးပီးရင်အိပ်တော့နော်"
"ဟုတ် မေမေ"
ပါးလေးတစ်ဖက်ကို နမ်းပီး အခန်းပြင်ကိုမေမေထွက်သွားတော့ laptop ကိုပိတ်ပီး ခုံနောက်ကိုမှီရင်း သူ့အတွေးတွေ လွန်ခဲ့တဲ့အချိန်တွေဆီ
"ဟလို...ဉီးဖေလားဟင်"
"အမယ် ရှင်ကြီးရဲ့ဖုန်းနံပါတ်နဲ့ ရွက်ဝါဆီစောစောက ဖုန်းဝင်လာလို့ အခုပြန်ခေါ်တာလေ "

ရွက်ဝါတဲ့ ခနလေးပဲ ဖုန်းပြောလိုက်ရပေမယ့် သူမရဲ့အသံလေးက ဘာလို့ဒီလောက်ထိ ချိုနေရတာလဲ ဘာရယ်တော့မဟုတ်ပေမယ့် ခပ်စွာစွာ အဲ့အသံလေးက ဘာလို့ အတွေးတွေထဲ ဝင်လာရတာလဲ အမှတ်တမဲ့ကနေ အမှတ်တရလို့ဆိုရမလိုပင် အဲ့အခိုက်တန့်လေးကို သူ သဘောကျနေမိပီလား...........
နှုတ်ခမ်းထက် မသိမသာအပြုံးလေး ယှက်ပြေးသွားတယ်
ကိုယ်တိုင်သတိပြန်ဝင်လာတော့
"ဟာ....ဘာလဲ ဒီအပြုံးက"
.
.
.
.
နောက်တစ်ပိုင်းပါရှင်💙

မတွေ့တာကြာတော့ မေ့ကုန်ပီထင်ပါရဲ့😛ချစ်သောလေးတို့အကြိုက် အချိုအအီလေးတွေနဲ့ပြန်လာပါပီလို့ အားပေးမယ်မလားဟင်🤭😙💙

မင်းမချစ်ရင်💙Where stories live. Discover now