part 10💙

659 18 3
                                    

"ဆရာကလဲ လက်ကဒဏ်ရာက အကင်းသေသေးတာမဟုတ်ဘူး အဲ့ကိစ္စကို ခနလွှဲထားလိုက်ပါလား တော်ကြာလှုပ်ရှားရလို့လက်ကဒဏ်ရာက ပြန်နာနေရင်ဒုက္ခ"

"ငါသိတယ် ဒါပေမယ့် ငါမပါလို့မဖြစ်ဘူး ငါမပါဘူးဆိုတာသိတာနဲ့ ဟိုဘက်က အားသားမှုရလိုက်တာပဲ"

"လက်ကဒဏ်ရာပြန်ပေါ်မှာစိုးလို့ပါ သွားမှရမယ်ဆိုလဲ အရင်တစ်ခေါက်ကလိုတစ်ယောက်တည်းတော့ဝင်မသွားပါနဲ့ဆရာရယ် နဲနဲပါးပါးတော့ခေါ်သွားပါအုံး"

ဒီကောင် လူကြည့်တော့ ဗလတောင့်တောင့် ခပ်ဖြောင့်ဖြောင့်နဲ့ အပြောအဆိုက မသိရင် မိန်းမကျလို့ ဟူးးးးး

"ငါသိတယ် မင်းကိုက မသိရင် ဒီအလုပ်ကိုတစ်ခါမှမလုပ်ဖူးသလိုပြောနေတာ ငါလုပ်ရမယ့်အလုပ်ဘယ်လိုရှိလဲ ငါသိတယ်"

"ဟဲဟဲ ဆရာကလဲ စိုးရိမ်လို့ပါ"

"ကားသွားထုတ်ထား အိမ်ပြန်မလို့"

"ဟုတ်"

အလုပ်ထဲလဲ စိတ်ကမပါ သူမဆီပဲစိတ်ကရောက်နေတာကြောင့် အိမ်ပြန်ဖို့ပဲတာဆူနေတော့တယ်။ တကယ်ဆို အိမ်မှာထားခဲ့ရလဲ စိတ်မချဖြစ်နေသည်က ပိုလွန်းနေတယ်မဟုတ်ပါလား
.
.
.
ကားသံကြားတာနဲ့ ဖက်လက်စ ဝတ္ထုစာအုပ်လေးကို စားပွဲပေါ်တင်ခဲ့ပီး အခန်းပြင်ထွက်လာလိုက်တယ်။ဒီအချိန်
ကားအဝင်အထွက်ရှိနေကြမဟုတ်ပေမယ့် ဒီရက်ပိုင်း သူ ခနခနဒီအချိန်ဆို ပြန်လာတတ်သည်မဟုတ်ပါလား။

"ပြန်လာပီလား နေ့လည်စာစားခဲ့လား"

"ဟင့်အင်းပေါ့ ခင်ဗျားလေးနဲ့စားချင်လို့ကို တမင်ပြန်လာတာ"

ဆိုဖာပေါ်မှာထိုင်လိုက်တော့ သူကအနားကပ်ထိုင်ကာ

"တကယ်က ကိုယ်ပြောစရာလဲရှိလို့ "

"ဟုတ်လား ဘာပြောမလို့လဲပြောလေ"

"ထမင်းစားပီးမှပြောမယ်လေ "

"ဟုပါပီ အဲ့တာဆို ထမင်းစားဖို့ ပြင်ခိုင်းလိုက်အုံးမယ်"

"လှမ်းခေါ်ပီးပြောလိုက်ကွာ "

ပြောပြောဆိုဆို ခါးကိုအတင်းပြန်ဖက်ထားသောကြောင့်

"အို....ဘယ်လိုဖြစ်နေတာလဲ "

မင်းမချစ်ရင်💙Where stories live. Discover now